ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 28 September 2010

Microsoft Word 2007 နဲ့ JPEG

Microsoft Word 2007 ရေးထားတဲ့စာကို ဓါတ်ပုံ ပုံစံ လုပ်ထားချင်တယ်။ JPEG နဲ့ save ထားချင်တယ်။ ဘာ software မှ မလိုပဲ windows မှာပါတဲ့ paint နဲ့ပဲ အသုံးပြုပါမယ် လုပ်နည်းကတော့ လွယ်ပါတယ် အနည်းငယ်တော့ ရှင်းပြလိုက်ပါမယ်။ အရင်ဆုံး ပြောင်းချင်တဲ့ စာမျက်နှာကို ဖွင့်ပါတယ်။ ထိပ်ဆုံးမှာ cursor ချပြီး အားလုံး select ဖြစ်အောင်လုပ်ပါတယ်။ (ပုံတွေကိုပါ လုပ်ရမှာပါ။ select ဖြစ်သွားရင် invert color ဖြစ်သွားပါတယ်)။ select လုပ်ပြီး right-click လုပ်ပြီး copy နှိပ်ပါတယ်။
run မှာ mspaint လို့ရေးပြီး paint ကို ဖွင့်ပါတယ်။ (mspaint (သို့) pbrush လို့လည်း ရေးနိုင်ပါတယ်။ All Programs ထဲက Accessories ထဲမှာလည်း paint ဆိုပြီး ရှိပါတယ်)
paint ရဲ့ Edit – Paste ကို နှိပ်ပေးလိုက်ပါ။ (Ctrl+V ကိုနှိပ်ရုံနဲ့လည်းရပါတယ်)
ခုနက ကူးလိုက်တဲ့ ပုံစုံအတိုင်း ပေါ်လာမှာပါ။Save as ကိုနှိပ်ပြီး jpeg ဖိုင်အမျိုးအစားကို ရွေး save ပေးလိုက်ပါ။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။