မြန်မာနိုင်ငံတော် အလံ ပြောင်းလဲသွားပုံ
Friday, 22 October 2010
ရှမ်းကိုမှီး
တစ်ချို့ က ရှမ်းကိုးမှီး လိမ်လို့ရတာ မယုံချင်ဘူး အပေါ်က ဝေတဲ့ဖဲကို လိမ်လို့မရဘူးထင်တာပေါ့ လိမ်နည်းက ဒီလိုပါ တော်ရုံဆရာကြီးတွေတောင် ဒီနည်းကို မသိကြသူတွေရှိပါတယ် ဒီနည်းက တော်တော်ခက်ခက်ခဲခဲ လေ့ကျင့်ထားမှ ရပါတယ် တစ်လလောက်တောင် ထိုင်ပြီးလေ့ကျင့်မှ ကျွမ်းကျင်သွားပါတယ် သူကြတော့ လက်လှည့် ပညာ ဖြစ်သွားပြီ ဘယ်ဖဲထုပ်ပဲလာလာ လိမ်လို့ရတယ်။ အဲဒါ ဘယ်လိုလုပ်လဲဆို ပထမဦးဆုံးပွဲကတော့ ကျချင်ရာ ကျဆိုပြီးဝေလိုက်ပါတယ် လူငါးယောက်အတွက် (10) ချက်ပေါ့ ဆွဲတဲ့သူက ဆွဲဆိုတော့ ဆယ့်သုံးချက် ဆယ့်လေးချက်လောက်ပေါ့နော် အဲဒီအထိ လိမ်တာမပါသေးပါဘူး လိမ်တာက အခုမှစတာ စောစောက ဝေထားတဲ့ဖဲကို ပြန်သိမ်းတဲ့နေရာမှာ ဖဲကို အစဉ်လိုက်ကောက်လိုက်တယ်။ ဥပမာ လူငါးယောက်ကစားတယ် အဲဒီမှာ ဖဲပြန်သိမ်းတော့ ပထမဖဲကို ကိုယ်မလိုချင်တဲပ ဖဲလေးချက်ကို ကောက်သိမ်းပြီး ငါးချက်မြောက်မှာ ဝေရင် ကိုယ်ဘက် ပြန်ကျလာမဲ့ (9)ဖဲကို ထဲ့လိုက်တယ် နောက်လေးချက် ထပ်ကောက်ပြီ ဆယ်ချက်မြောက်မှာ ကုလားဖဲထဲ့လိုက်တော့ အဲဒီအတိုင်း ပြန်ဝေရင် သူက (9)ကျသွားရောလေ။ ဒါပေတီး ကုလားဖန်ထိုးတဲ့နေရာမှာ အပေါ် ဆယ်ချက်ကို လွှတ်ထိုးပေးရပါတယ် ဒါမှ ဖဲအစဉ်ပျက်မသွားမှာလေ ကုလားဖန်ထိုးပြီးတာနဲ့ ဖဲချက်တွေကို အပေါ်ကော့သွားအောင် လက်နဲ့တစ်ချက် ဆွဲပစ်လိုက်ပါ (အရေးကြီးပါတယ်)။ အဲလိုလုပ်လိုက်မှ ဖဲချိုးတဲ့သူက ချိုးလိုက်တဲ့အခါမှာ ဖဲချိုးထားတဲ့နေရာက ကြားထဲမှာ အပေါက်လေးနဲနဲ ဟနေပါတယ်။ ကိုယ်စီထားတဲ့ ဖဲက အောက်ရောက်သွားပါပြီ အဲဒါကို အပေါ်ရောက်အောင် ပြန်လုပ်ရမှာ ဒါမှ ကိုယ်စီထားတဲ့ ဖဲကျမှာလေ အဲဒီအပေါက်ကနေပြီ အပေါ်ဖဲကို အလွှာလိုက် ဘေးကိုတွန်းပစ်ပြီး အောက်က ဖဲလွှာကိုကြတော့ လက်မအောက်က လက်ဖနှောင့်နဲ့ ညှပ်ပြီး အပေါ်ကို နည်းနည်း ကားပေးရပါတယ် ဒါမှ စောစောက ဘေးကိုတွန်းထားတဲ့ဟာကို အောက်ကိုစွဲချပြီး အောက်ကဟာကို အပေါ်တင်လိုက်ပြီး နေရာတကျ တစ်ခါတည်းပြန်ထားလိုက်ရပါတယ်။ ဒီနည်းက လေ့ကျင့်ရတာ တော်တော်ခက်သလို ရှမ်းကိုမှီးလိမ်ပြီဆိုတာနဲ့ ကြည့်လိုက် ဒီနည်းပါပဲ တစ်ခုတည်းသော ရှမ်းကိုမှီး လိမ်နည်းလို့တောင်ပြောလို့ရပါတယ်။ (မလုပ်မဖြစ်လုပ်ရမဲ့ဟာကတော့) ကုလားဖန်ထိုးပြီးပြီးချင်း ဖဲထုပ်ကို အပေါ်ကော့သွားအောင် လက်နဲ့ တစ်ချက် လှန်ဆွဲပြစ်ရတာပါ။ ကဲ သူငယ်ချင်းများအားလုံး လိမ်ညာ ခံရခြင်းမှ ကင်းဝေးကြပါစေ။ ဖဲလိမ်နည်း အကြောင်း ပို့စ် တစ်ခုအနေနဲ့ တင်ပေးဖို့တော့ စိတ်ကူးမရှိခဲ့ပါဘူး ဒါပေမဲ့ သူငယ်ချင်းများ ကြုံတဲ့အခါ အလိမ်ညာ မခံစေရအောင် စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ကျွန်တော့်ဘလော့ လာရောက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လာခဲ့ဦးနော်...:D
Wednesday, 20 October 2010
အဆိပ်ရှိတဲ့အပင်
ဒီအပင်ကိုအိမ်တွေ၊ရုံးတွေဟော်တယ်….နေရာတော်တော်များများမှာတွေ့ဖူးကြမှာပါ။နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင်ဂမုန်းထင်တယ်) တွေ့ဖူးတာတော့ တွေ့ဖူးတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။၎င်းအပင်ရဲ့ အစေး ဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများ ကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင်အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ သင့်မိတ်ဆွေတွေကို တော့ လက်တို့အသိပေးစေလိုပါတယ်။
Sunday, 17 October 2010
Friday, 15 October 2010
မန်းရွှေစက်တော်ဓါတ်ပုံ
ကျွန်တော့် ဇာတိမြေမှ မန်းရွှေစက်တော် မြင်းကွင်းကို တင်ပြလိုခြင်းအားဖြင့် ဓါတ်ပုံအနည်းငယ်ဖေါ်ပြလိုက်ပါတယ်။
Betta Fish ခေါ် ဖိုက်တာငါး ဂရုစိုက်နည်း
Betta fish ခေါ် ဖိုက်တာငါး များကို ဂရုစိုက်ခြင်းသည် ရှုပ်ထွေးသော ကိစ္စမဟုတ်ပါ။ သို့သော် ဂရုမစိုက်ပါက အရောင်အဆင်းများသည် မှေးမှိန်ပြီးငါးများသည် ကောင်းစွာ ကြီးထွားနိုင်မည်မဟုတ်ပါ။ အလှမွေးငါး အဖြစ် မွေးမည်ဆိုပါက ရိုးရှင်းသော အကြောင်းတွေကိုတော့ သိဖို့လိုအပ်ပါတယ်။ငါးအစာထုပ်တွင် ပါရှိသော အညွှန်းအတိုင်း အစာကို နေ့စဉ် နေ့တိုင်းကျွေးပါက ငါးများကို လျှင်မြန်စွာ ၀စေနိုင်ပါတယ်။ Betta fish ခေါ် ဖိုက်တာငါးများဟာ တက်ကြွလျှင်မြန်သော ငါးများဖြစ်သောကြောင့် များများကျွေးရန်မလိုပါဘူး။ သေးငယ်တဲ့ ငါးအလှမွေးကန်မှာ ထားရှိပါက အဆင်မပြေနိုင်ပါ။ ဘာကြောင့်လဲဆို ရေအနည်းငယ်သာဆန့်ပြီး ငါးများအတွက် ခက်ခဲနိုင်ပါတယ်။ တကယ်လို့ ရေတစ်ဂါလံဆန့်တဲ့ကန်မှာ ထားရှိပါက ရေနေရာကျယ်ဝန်းသည်နှင့်အမျှ အစာမှထွက်သော ammonia levels သည်အဆိပ်အတောက် ဖြစ်စေနိုင်သည်အထိဖြစ်တက်ပါတယ် ဒါကြောင့် ရေနေရာကျယ်ဝန်းသော်လည်း အစာကို သင့်တင့်ရုံသာ ထည့်သင့်ပါသည်။ သူတို့ကြိုက်တက်သော တီကောင်နှင့် အစာအချို့ကိုတော့ တစ်ခါတစ်ရံထည့်ပေးရန် မမေ့သင့်ပါ။ ရေကောင်း ရေသန့်မှာ ထားရှိခြင်းသည် ငါးများကိုထိန်းသိမ်းခြင်း၏ အဓိက အချက်ဖြစ်ပါသည်။ ရေကောင်း ရေသန့်မှာမထားရှိပါက သူတို့၏အေ၇ာင် အသွေးများဟာ မလှမပ ဖြစ်နိုင်ပြီး ပါးဟပ်များလည်း မကောင်းနိုင်ပါ။ ငါးကန်သေးသေးမှာ ထားရှိပါက ရေကိုမကြာမကြာလဲပေးရမှာဖြစ်ပါတယ်။ရေကိုခဏခဏ လဲပေးခြင်းသည် ငါး၏ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။ သတိပြုရမဲ့တစ်ချက်ကတော့ ကျန်သောစားကျွင်းစားကျန်များ အနှယ်ထိုင်ခြင်းနှင့် ရေမှာပေါ်နေခြင်းသည် ငါးများကို အဆိပ်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စားကြွင်းစားကျန်များကို မရှိနေအောင်ဖယ်ရှားပေးရပါမှာ။
လာရောက်ဖတ်ရှု့သူအလားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။နောက်လဲ လာဦးနော်..::D
ဖိုက်တာ ခေါ် Betta Fish တစ်ကောင်နဲ့တစ်ကောင် ဘာကြောင့်တိုက်ခိုက်ကြလဲ ?
ဖိုက်တာ ခေါ် Betta Fish တစ်ကောင်နဲ့တစ်ကောင် ဘာကြောင့်တိုက်ခိုက်ကြလဲ ?
Betta ငါးအထီးနှစ်ကောင်ကို ကန် တစ်ခုတည်းမှာ ထားလျှင် မဖြစ်နိုင်ကြောင်း လူတော်တော်များများ သိရှိကြပါတယ်။ ဘာကြောင့်ဆို အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုမှာ သေချာသလို ၊ ရန်ပွဲသည်လည်း တစ်ကောင်သေဆုံးမှသာ အပြီးသတ်တက်ကြပါတယ်။ သို့သော် အထီးနဲ့အမတို့ကိုတော့
ယှဉ်တွဲထားရှိနိုင်ပါတယ်။ အချိန်ကာလအားဖြင့် အမများ သားပေါက်ပြီးချိန်ထိပါ။ ထိုကဲ့သို့ အထီးနှင့်အမထားလျှင် အဆင်ပြေပြီး အထီးနှစ်ကောင်ထားလျှင် အဆင်မပြေဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်နိုင်ရန် ထိုငါးများ၏ မျိုးစိတ်နှင့် သဘာဝကပေးသော အလေ့အထကို သိရန်လိုအပ်ပါသည်။Betta fish ခေါ် ဖိုက်တာငါးများသည် ထိုင်းနိုင်ငံ၏ မြေယာစိုက်ပျိုးသော ရေတိမ်များတွင် အဓိကတွေ့ရှိပါသည်။ ထိုရေသည် ငါးများ အတွက် လိုအပ်သော အစာ အာဟာရနှင့် အကာကွယ်ပေးနိုင်ပါသည်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းသည် သတ္တဘာသာဘာဝအရ နေထိုင်ရာဒေသတွင်တစ်ကောင်တည်းသာ ပိုင်ဆိုင်နိုင်ရန်ဖြစ်သည်။ အထီးနှစ်ကောင်နှင့် အမတစ်ကောင်ယှဉ်တွဲထားရှိပါက အထီးနှစ်ကောင်ဟာ ရင်ဆိုင်တွေ့တွေ့ချင်းပဲ နောက်သို့ဆုတ်ပြီး ပါးဟပ်များကိုဖွင့်ဟကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်တိုက်ခိုက်ကြတော့တာပါပဲ။တစ်ကောင်သာကျရှုံးပါက ကျရှုံးသော တစ်ကောင်သည် ထွက်ပြေးတိမ်းရှောင်တက်ပါတယ်ဒါမှမဟုတ်ဒဏ်ရာအနာတရဖြစ်စေသည်အထိတိုက်ခိုက်တက်ကြပါတယ်။Betta fish ခေါ် ဖိုက်တာငါးများကို အလှမွေးငါးအဖြစ်မွေးခြင်းသည် ခေတ်စားလာသည်နှင့်အမျှ ထွက်ပြေးရန်နေရာဒေသ ကျဉ်းသဖြင့် တိုက်ခိုက်မှုပိုပြင်းထန်လာကြောင်းတွေ့ရပါတယ်ဗျာ....။ အားပေးမှုကို ကျေးဇူးအထူးတင်ပါတယ် နောက်မှာ ဆက်ရေးပေးပါဦးမယ်ဗျာ။
Thursday, 14 October 2010
နိုင်ငံတကာအသိမှတ်ပြု (ITPEC)စာမေးပွဲ
နိုင်ငံတကာအသိမှတ်ပြု (ITPEC) စာမေးပွဲကို တောင်ကြီးမြို့တွင် ဖြေဆိုနိုင်ပြီ Japan, Myanmar, Malaysia, Mongolia, Philippines, Thailand and Vietnam နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော အရည်အချင်းစစ် စာမေးပွဲဖြစ်ပြီး ယင်းနိုင်ငံများမှ အသိအမှတ် ပြုထားသောအောင်လက်မှတ်ဖြစ်ပါသည်။
စာမေးပွဲအောင်မြင်ပါက ရရှိမည့်အခွင့်အလမ်း
ဂျပန်အပါအ၀င် အဖွဲ့ဝင်နိုင်ငံများတွင် Visa ကိုလွယ်ကူစွာရရှိခြင်း၊ အိုင်တီပညာရပ် အသုံးချလုပ်ကိုင်သော လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း သာလွန်ကောင်းမွန်ခြင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချူပ်မှ စေလွတ်သော ပညာတော်သင် ဆုများတွင်လည်း ရရှိနိုင်မည်ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် လိုအပ်သောအရည်အချင်း
အနည်းဆုံးအရည်အချင်းသတ်မှတ်အနေဖြင့် တက သိုလ်ဝင်တန်းအောင်းမြင်ပြီး IT ပညာရပ်တွင် အတွေ့အကြုံရှိသူများ ၀င်ရောက်ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာ ကျောင်းသားများနှင့် IT ဘွဲ့ရသူများဖြေဆိုရန် ပိုမို သင်တော်ပါသည်။
Examination
စာမေးပွဲကို 2010 ခုနှစ် အောက်တိုဘာလ (31) ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် တစ်ပြိုင်တည်း တချိန်တည်း ကျင်းပဖြေဆိုမည်။ တောင်ကြီးမြို့တွင် တတိယအကြိမ်ကျင်းပသော စာမေးပွဲဖြစ်သည်။
စာမေးပွဲ စာရင်းများကို 2010 အောက်တိုဘာလ (27)ရက်နေ့နောက်ဆုံး ပေးသွင်းရမည်ဖြစ်ပါသည်။ Information Technology Passport Exam (IP) -5000ks/ Fundomental Information Technology Engineer Exam -10000ks
Training Class
ဖြေဆိုရမည့် ဘာသာရပ်များကို ကွန်ပျူတာပညာရှင် အသင်းမှ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
သင်တန်းအချိန်
(14.10.2010)ရက်မှ(29.10.2010)ရက်အထိ နံနက် (10:00)နာရီမှ (12:00)နာရီထိ
သင်တန်းနေရာ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် တောင်ကျောင်းလမ်းထောင့်၊မြို့မရပ် တောင်ကြီးမြို့။ ဖုန်း - 081 25329 တို့ဖြစ်ပါသည်။
Wednesday, 13 October 2010
သက်မဲ့ (Animation)
မှန်ကန်ကြီးတစ်ခုကို တည်ဆောက်ပြီးနောက် ပေ အနည်းငယ် ပတ်လည်လောက်ပေါ့ အရောင်တွေစုံလင်ဖို့လည်း ခေါင်းစားရတယ် အကြောင်းက လှုပ်ရှားမဲ့ သက်ရှိတွေ သင့်မြတ်ဖို့လေ။ ပထမဆုံးအနေနဲ့ ရုပ်သေ အရာဝတ္ထုတွေကို မှန်ကန်အတွင်းမှာ နေရာချရမယ် ပန်းပင်အတုတွေ ကျောက်ခဲဖြူ သို့မဟုတ် အရောင်ရှိတဲ့ ခဲလုံး တွေပေါ့ အဲဒီအတွင်းမှာ လှုပ်ရှားသက်ဝင်ဖို့အတွက် အစောပိုင်းက ပြောခဲ့သလို ရောင်စုံသက်ရှိတွေထဲ့လိုက်တော့မယ် (အလှမွေးငါး)လေးတွေပါ ဒါကို ရုပ်သေပစ ည်းကြားမှာ လှပတဲ့ငါးတွေ ရေသန့်စက်၊အောက်စီဂျင် ရေပူပေါင်းတွေ ကြားမှာ ကူးခတ် ပုလဲ ငါးလို့ခေါ်တဲ့ငါး Betta လို့ခေါ်တဲ့ ဖိုက်တာငါး redhead and Oscar ငါးလေးတွေပါပဲ သက်မဲ့ပစ ည်းတွေနဲ့ လှုပ်ရှားနေတဲ့ အလှငါးလေးတွေ ပေါင်းစပ်လိုက်တော့ ကျွန်တော့်ရဲ့ (သက်ရှိ Animation) program ဟာ လှပ ခန့်ငြားနေရှာပြီပေါ့။ ငါးကန်တွေကို အလှဆင် ချစ်နေရတဲ့ ငါးတွေကို ကြည့်နေရင်းမှ အမှတ်တမဲ့ ပေါ်ပေါက်လာတဲ့ အတွေး တစ်ခုကို စာရွက်ကြမ်းပေါ်မှာ ရေးချရင်းနဲ့ webpage ပေါ်ကို ရောက်ရှိလာရပါတယ်။ နောက်ဆက်တွဲ အတွေးတစ်ခုမှာ (မှန်ကန်ထဲမှ ငါးလေးတွေ အမြဲတမ်းကူးခတ်နေတယ် သို့သော် ခရီးမရောက်ကြပါ ဒါကြောင့် ကျွန်တော်တို့လည်း ဘယ်လောက်ပဲ ကူးခတ်နေပါစေ မှန်ကန်ထဲက ငါးလေးတွေမဖြစ်ကြဖို့လိုအပ်ပါတယ်)
Thursday, 7 October 2010
မန္တလေးမှာ မိုးများပြီး ရေဘေး
မန္တလေးမှာ ၇ ရက်နေ့က စပြီးရွာတဲ့မိုး၈ ရက်နေ့မှာ ၀ုန်းဒိုင်းကြဲပြီး ရွာတယ် မန္တလေးတစ်မြို့လုံးနီးပါး ရေတင်တယ် ဈေးချိုအနောက်ဖက်ခြမ်း မြေနိမ့်ပိုင်းမှာလည်း ရေတွေဝင်လို့လှေတွေနဲ့သွားရတယ်မန္တလေးရဲ့ အရှေ့တောင်ဖက်က မြို့သစ် ပရံတော်ချောင်းဝဲယာမှာတော့ တစ်ထပ်အိမ်တွေ မြုပ်ကုန်တယ ပုသိမ်ကြီးဖက်မှာလည်း ရေတွေကြီးလို့မိုးရေချိန် ၁၁ လက်မ လို့သတင်းစာမှာဖော်ပြတယ် ပုသိမ်ကြီးဖက်က ကင်ဆာဆေးရုံကလူနာတွေကို OrientalHouse ကပိုင်တဲ့အိမ်ကို ပြောင်းရွေ့ပေးထားရတယ် ပြင်ဦးလွင်လမ်းလည်းရေလွှမ်းခဲ့တယ် ရေဘေးကယ်ဆယ်ရေးအတွက် လှေတွေမလုံလောက်ဘူး ထမင်းထုတ်တွေလည်း ကြုံသလို ဝေနေရတယ် အိမ်ထောင်စု ဘယ်လောက်တောင်ဒုက္ခရောက်နေတယ်ဆိုတာ လောလောဆယ် အတိအကျမသိသေးဘူး ထမင်းထုတ်တွေကတော့ဝေမလောက် အထုတ်တွေနဲ့ထွက်လာတဲ့သူတွေကလည်း မနဲဘူး ကျွန်တော်တို့ စိတ္တသုခ ပရဟိတလူငယ်များအနေနဲ့ ၈ ရက်နေ့ ညမှာပဲ ကူညီမှုတွေလုပ်ခဲ့တယ် လက်လှမ်းမိသလောက်ပေါ့ ကျွန်တော်တို့က အင်အားကြီးအဖွဲ့အစည်း တစ်ခုမဟုတ်ပေမယ့် အလှူရှင်တွေရှာပြီးရေဘေးကယ်ဆယ်ရေးတွေလုပ်ခဲ့တယ် ၉ ရက်နေ့က ထမင်းထုပ် ၄၀၀ ဝေနိုင်ခဲ့တယ် ၁၀ရက်နေ့မှာ ထမင်းထုပ် + ရေသန့်ဗူး ၅၀၀ ဝေနိုင်ခဲ့တယ် ထမင်းထုပ်က နှစ်ယောက်စာနေ့ည စားနိုင်တဲ့အထုပ်မျိုးပါ ရေထဲမှာ ခါးထိ ရေစိပ်ခံပြီးကျွန်တော်တို့အဖွဲ့ ကိုယ်တိုင်ကိုယ်ကျ ဝေတာဖြစ်ပါတယ် နောက်နေ့တွေလည်းဝေဦးမှာပါ အင်အားကြီးအဖွဲ့အစည်း အများအပြားကလည်း လာဝေကြပါတယ် အလိုအပ်ဆုံးလို့ ယူဆရတဲ့ ထမင်းထုပ်တွေဝေတာများပါတယ် ရေသန့်ဗူးလည်းအပါအ၀င်ပေါ့ အထားခံတဲ့ အစားအသောက်ကို မနက်ဖန်က စပြီး ဝေဖို့ရှိပါတယ် မုန့်ကြွပ်၊ ဘီစကစ်၊ ကိတ်ခြောက်၊ ငပိကြော်၊ ပုဇွန်ခြောက်ကြော် အစရှိသဖြင့်ပေါ့ကျွန်တော်တို့အဖွဲ့က အင်အားငယ်တော့ တစ်ရပ်ကွက်စာလောက်ပဲ ဝေနိုင်တာပါ အများမရောက်နိုင်တဲ့နေရာမျိုးကို လှေနဲ့သွားကြတယ် လှေဌားခကလည်းခေါက်ခိုက်နေတယ် အလှူရှင်တွေရှိမယ်ဆိုရင်တော့ နေ့စဉ် လှူပေးဖို့ရှိပါတယ်
Wednesday, 6 October 2010
USB Flash Drive နဲ့ Windows XP သော့ခက်မယ်
တကယ်လို့ သင်ဟာ passwords ရိုက်ပြီး Login ၀င်ရမှာပျင်းရင် passwords တွေမေ့တတ်လို့ရှိရင် ဒါမှမဟုတ် သူများက ကိုယ့် passwords ကို hacked မှာစိုးရင် ပိုပြီး လုံခြုံတဲ့နည်းနဲ့ သင့်ရဲ့ computer ကို locked လုပ်ထားလို့ရပါတယ်။ လိုအပ်တာကတော့ USB stick တစ်ခုတည်းပါ..။ စစချင်း run ထဲမှာ syskey လို့ရိုက်လိုက် box တစ်ခုကျလာလိမ့်မယ် အဲဒီမှာ encryption ကို enabled ဖြစ်နေအောင်ထား.. ပြီးတော့ Update ကိုနှိပ်..၊ Store startup key on floppy disk ကိုရွေးပါ.. နေဦး.. မေ့တွားရို့ဗျ…၊ (My Computer>right click>Manage>Disk Management ထဲမှာ သင့်ရဲ့ stick ကို right click>Change drive letter and path>Change မှာ A: လို့ ပြောင်းပေးရအုံးမယ်..Confirm လာမေးရင် Yes ကိုနှိပ်၊ ဒါဆိုရင် သင့် stick ဟာ driver letter ပြောင်းသွားပြီ..၊) ပြီးရင်..ခုနနေရာက Store startup key on floppy disk > OK နှိပ် Box သုံးခုကျလာလိမ့်မယ် OK ကြီးဘဲနှိပ်.. ပြီးရင် restart ချကြည့်လိုက်.. Box တစ်ခုကျလာလိမ့်မယ် Insert a key ဘာညာဘာညာ.. ဆိုပြီးတော့ အဲဒီမှာ stick မရှိရင် windows ထဲဝင်မရတော့ဘူး.. မမိုက်လား Warning!Stick ထဲက StartKey.Key ဆိုတဲ့file ကိုမဖျက်မိစေနဲ့နော်… အဲဒါကတော့ ကျွန်တော့်တာဝန်မဟုတ်
Subscribe to:
Posts (Atom)