
Betta fish ခေါ် ဖိုက်တာငါး များကို ဂရုစိုက်ခြင်းသည် ရှုပ်ထွေးသော ကိစ္စမဟုတ်ပါ။ သို့သော် ဂရုမစိုက်ပါက အရောင်အဆင်းများသည် မှေးမှိန်ပြီးငါးများသည် ကောင်းစွာ ကြီးထွားနိုင်မည်မဟုတ်ပါ။ အလှမွေးငါး အဖြစ် မွေးမည်ဆိုပါက ရိုးရှင်းသော အကြောင်းတွေကိုတော့ သိဖို့လိုအပ်ပါတယ်။ငါးအစာထုပ်တွင် ပါရှိသော အညွှန်းအတိုင်း အစာကို နေ့စဉ် နေ့တိုင်းကျွေးပါက ငါးများကို လျှင်မြန်စွာ ၀စေနိုင်ပါတယ်။ Betta fish ခေါ် ဖိုက်တာငါးများဟာ တက်ကြွလျှင်မြန်သော ငါးများဖြစ်သောကြောင့် များများကျွေးရန်မလိုပါဘူး။ သေးငယ်တဲ့ ငါးအလှမွေးကန်မှာ ထားရှိပါက အဆင်မပြေနိုင်ပါ။ ဘာကြောင့်လဲဆို ရေအနည်းငယ်သာဆန့်ပြီး ငါးများအတွက် ခက်ခဲနိုင်ပါတယ်။ တကယ်လို့ ရေတစ်ဂါလံဆန့်တဲ့ကန်မှာ ထားရှိပါက ရေနေရာကျယ်ဝန်းသည်နှင့်အမျှ အစာမှထွက်သော ammonia levels သည်အဆိပ်အတောက် ဖြစ်စေနိုင်သည်အထိဖြစ်တက်ပါတယ် ဒါကြောင့် ရေနေရာကျယ်ဝန်းသော်လည်း အစာကို သင့်တင့်ရုံသာ ထည့်သင့်ပါသည်။ သူတို့ကြိုက်တက်သော တီကောင်နှင့် အစာအချို့ကိုတော့ တစ်ခါတစ်ရံထည့်ပေးရန် မမေ့သင့်ပါ။ ရေကောင်း ရေသန့်မှာ ထားရှိခြင်းသည် ငါးများကိုထိန်းသိမ်းခြင်း၏ အဓိက အချက်ဖြစ်ပါသည်။ ရေကောင်း ရေသန့်မှာမထားရှိပါက သူတို့၏အေ၇ာင် အသွေးများဟာ မလှမပ ဖြစ်နိုင်ပြီး ပါးဟပ်များလည်း မကောင်းနိုင်ပါ။ ငါးကန်သေးသေးမှာ ထားရှိပါက ရေကိုမကြာမကြာလဲပေးရမှာဖြစ်ပါတယ်။ရေကိုခဏခဏ လဲပေးခြင်းသည် ငါး၏ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။ သတိပြုရမဲ့တစ်ချက်ကတော့ ကျန်သောစားကျွင်းစားကျန်များ အနှယ်ထိုင်ခြင်းနှင့် ရေမှာပေါ်နေခြင်းသည် ငါးများကို အဆိပ်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် စားကြွင်းစားကျန်များကို မရှိနေအောင်ဖယ်ရှားပေးရပါမှာ။
လာရောက်ဖတ်ရှု့သူအလားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။နောက်လဲ လာဦးနော်..::D
bro ရေ flowerhorn ကို ဘယ်လိုသားဖောက်ရလည်းဆိုတာ လေး မျှဝေပေးစေချင်ပါတယ် ကျေးဇူးနော်
ReplyDelete