အခုကျွန်တော် ကော်ဖီသောက်နေတယ် ဒီနေ့ကော်ဖီတင်မဟုတ် မုန့်နဲ့ မှာတမ်းပါရောက်ရှိလာတယ်။ ဘာကြောင့်လဲ ကျွန်တော် နေသိပ်မကောင်းချင်ဘူးဖြစ်နေတယ် မနေ့ကတည်းကဖြစ်နေတာ ဒါနဲ့ ဒီနေ့ ကော်ဖီလေးသောက် မုန့်လေးစားပြီး ဆေးသောက်လိုက်ပါတဲ့။ စာရေးနေရင် ကျွန်တော်ပြုံးပြီး ကျေနပ်နေမိတာတော့ အမှန်တရားဆိုတာပေါ့။ ကျွန်တော့်ဘ၀ အမောတွေကိုပြေစေခဲ့အောင် ဘုရားသခင် ဖန်းဆင်းများပေးလိုက်သလား။ ကော်ဖီအဖြစ် ဖန်းဆင်းပေးလိုက်သလား။ ဘာဖြစ်ဖြစ်ပါလေ ကျေးဇူးတင်နေမိတယ်။ ရင်ခုန်သံကော်ဖီဆီက ဘာမှမမျှာ်လင့်ချင်ဘူး ဒါပေမဲ့ သူ့ရဲ့ ကော်ဖီ ကိုယ်ပိုင်ရနံ့လေး ပျောက်သွားမှာကို စိုးထိတ်မိတယ်။ တစ်နေ့သောအခါ ကျွန်တော့်အနားမှာရှိနေတဲ့ သစ်ရွက်ခြောက်လေး ငေးကြည့်နေရင်း လေကဝှေ့တိုက် သယ်ယူသွားသတဲ့ဆိုတဲ့ ပုံပြင်သစ်တွေ ရှိနေဦးမှာလား။ မနေ့ကသူမအပြန် ကျွန်တော်ငေးကြည့်နေမိလိုက်တယ် သူ့ကျောကိုင်းထွက်ခွာချိန်ပေါ့ နှုတ်ဆက်ခြင်းက ကျွန်တော့်ရင်ဘက်ကို မနွေးထွေးစေခဲ့ဘူး ဒါဘာကြောင့်လဲလို့မေးရအောင် အဖြေကရှိပြီးသားဖြစ်နေခဲ့တယ်။ ၀ူးးးးးးးး တော်ပါပြီ ကျွန်တော့်အတွေးတွေ ပြန်ချုံ့ထားလိုက်တာကောင်းပါတယ်။ အတွေးကိုနောက်ပြန်လှည့်တော့လဲ သူ့မျက်နှာကို မြင်မိပြန်တယ်။ ကော်ဖီသောက်တိုင်း တစ်နေ့နဲ့တစ်နေ့ သူမျက်နှာမြင်နေမိတာ ရင်ခုန်သံနဲ့ ထပ်တူရှိနေခဲ့လေပြီ။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။