လေအတိုက် လေအကြမ်းမှာ လွင့်ကျမသွားဖို့ သူ မနေချင်ဘူးဆိုတဲ့ သစ်ရွက်ကလေးကိုပဲ မြဲမြဲကုပ်တွယ်ထားရရှာတယ်။
သူမပျော်နိုင်ရှာပါဘူး။
ခန္ဓာကိုယ်က ပျော့စိစိနဲ့ ရွံစရာကလည်း ကောင်း၊ အပေါင်းအသင်းကလည်း မရှိ၊ တွေးကြည့်ရင် သူ့ဘဝဟာ ဝမ်းနည်းစရာပါ။
ခုန်ပေါက်ပြီး
ဆော့ကစားနေတဲ့ ဓားခုတ်ကောင်လေးတွေကို ကြည့်ပြီးအားကျ၊
ဝမ်းနည်းဖြစ်နေ၇ှာသတဲ့ ။ သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်၊
သူတို့လိုလည်း မသန်စွမ်း၊ သူတို့လိုလည်း အားမာန်တွေမိရှီ၊ သူတို့လိုလည်း
အတောင်မပါ။ သူတို့လိုလည်း ဝေးဝေးမသွားနိုင်၊ ငါဟာ ဘာမှ အသုံးမကျတဲ့
အကောင်ပဲလို့ တွေးပြီး စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်။
တွေးလိုက်တိုင်း စိတ်အားငယ်စရာတွေချည်းပဲ။ ငါသေချင်လိုက်တာလို့
အမြဲစဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲ့ပေါ့။
ဘောက်ဖတ်ကလေးရေ….
မင်း မသိလို့ပါ။
မင်းဟာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလည်း ပျံသန်းနိုင်တဲ့၊
လေတွေကိုလည်း တစ်ဝကြီး ရှူသွင်းခွင်ရတဲ့ အရောင်အသွေးစုံတဲ့၊
အသွေးအရောင်လှပတဲ့ ၊ တောင်ပံတွေကို ပိုင်ဆိုင်နိုင်တဲ့
လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်လာမှာပါ။ လှပတဲ့ ပန်းကလေးတွေကို
မင်းကြိုက်သလို နားခွင့်ရမှာပါ။ ပန်းကလေးတွေကိုလည်း
မျိုးဆက်ပြန့်ပွားဖို့ ဝတ်မှုန်ကူးပေးနိုင်သူ ဖြစ်လာမှာပါ။
ပန်းလှလှလေးတွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ
အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ့ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်း ဘာလို့
အားငယ်နေရတာလဲ။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။