ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 12 June 2012

တောင်နီစံပြကျေးရွာဈေးဟောင်းပြည်လည်ဖွင့်လှစ်ခွင့်ပေး

တောင်ကြီးမြို့နယ် တောင်နီစံပြကျေးရွာရှိ မူလဈေးကို (2.6.2012)တွင် ပုဒ်မ (188) ထုတ်ပြန်ပြီး ဈေးပိတ်ကာ ဈေးသစ်သို့ပြောင်းရွေ့ဖွင့်လှစ်ရန်ဆောင်ရွက်ခြင်းအပေါ် ကျေးရွာလူထုနှင့်ပြည်သူများ
က မခံမရပ်ဖြစ်ပြီး စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။(7.6.2012)ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသာလွတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(1) ကိုယ်စားလှယ် ဦးဥာဏ်လင်းထံသို့ ထိုကျေးရွာရပ်မိရပ်ဖနှင့်ဈေးကော်မတီအဖွဲ့များက (11.6.2012)တွင် လာရောက်တွေ့ဆုံပြီး (12.6.2012)ရက်နေ့တွင် မူလဈေးဟောင်းအားပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း လာရောက်ဆွေးနွေးတင်ပြကြရာ ဦးဥာဏ်လင်းမှ ပြည်သူများ၏ကိုယ်စား ရှမ်းပြည်နယ်အစိုးရ ၀န်ကြီးချူပ်ထံသို့ စာဖြင့်တောင်နီစံပြကျေးရွာအား (12.6.2012) တွင်ပြည်လည်ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ အစိုးရအဖွဲ့မှ ပြည်သူ့ဆန္ဒအရ ဈေးဟောင်းအား    ပြန်လည်ဖွင့်လှစ်စေခဲ့ကြောင်း သိရှိရပါသည်။ ဒါဟာပြည်သူများရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်ဆိုတဲ့ အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယခုအကြောင်းအရာအား ပမာထားပြီး ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်အတွင်းမှ ကိုယ်စားလှယ်များဟာဖြင့် ယခုလို ပြည်သူလိုအပ်ချက်များကို ဆောင်ရွက်ပေးစေလိုကြောင်း ယခုပို့စ်နဲ့အတူ တင်ပြအပ်ပါသည်။ (သွားပြီးငိုက်မနေနဲ့နော်...:D)

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။