ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 24 July 2013

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ချို့ယွင်းမှုကိစ္စ ပြည်သူများသို့ အသိပေးကြေငြာခြင်း


၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက်ထားသော ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE3) ဆက်ကြောင်းသည် (၂၂-၇-၂၀၁၃) ရက်နေ့ ညနေ(၀၅၀၀)နာရီခန့်တွင် ချို့ယွင်းမှုဖြစ်ပွားခဲ့ပါသည်။
၂။ ထိုဆက်ကြောင်းမှ ၀န်ဆောင်မှုပေးထားသော  အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အ၀င်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိန်ဆက်ပေးထားပါသည်။
၃။SEA-ME-WE3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို့ယွင်းမှုသည် ပင်လယ်အတွင်း (၁၃)ကီလိုမီတာခန့်တွင်ဖြစ်နိုင်းကြောင်း တိုင်းတာတွေ့ရှိရပါသည်။
၎။ ထိုချို့ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်းရေးအဖွဲ့နှင့် ညှိ့နှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန့်မှန်းကြာမြင့်ချိန်မှာ (၁)လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှေင့်နှေးနေမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

source:http://www.mcit.gov.mm/mcpt/

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။