ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 5 August 2014

တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ဖိုရမ် ဖွင့်ပွဲ (တောင်ကြီး)


ရှုမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်ကျင်းပပြုလုပ်သည့် တောင်သူလယ်သမား၊အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၃)ရက်နေ့၊ နံနက် (၈း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပါတီဝင်လူငယ်များမှတို့ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ကာရှမ်းပြည်နယ်(တောင်ပိုင်း) နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)မှအဖွင့်အမှာစကားပြောကြားပြီးရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှထပ်ဆင့်အမှာစကား ပြောကြားပြီးနောက် တောင်သူလယ်သမား၊ အလုပ်သမားနှင့်
လူငယ်ဖိုရမ်တို့၏ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီးရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးညဏ်လင်းမှ ရှင်းလင်းပြောကြားပြီးနောက် ပါတီဝင် လူငယ်များမှတို့ခြင်္သေ့ပါတီသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုနံနက်(၉း၃၀)နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်အသီးသီးမှ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ဖိုရမ်သို့ တက်ရောက်လာသည့် မြို့နယ်အသီးသိးမှ ကိုယ်စားလှယ်များ၊
ရပ်ကွက်/ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊မိတ်ဖက်ပါတိမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့်ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ဖိုရမ်ဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး
ပြည်နယ်ပါတီရုံးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်ဖိုရမ်ဆွေးနွေးခြင်းကို (၃.၈.၂၀၁၄)ရက်နေ့မှ (၅.၈.၂၀၁၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ြေ)ကာင်း သိရှိရပါသည်။




သန်းထူး(တောင်ကြီး) မှသတင်းပေးပို့သည်

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။