မေးလ်ထဲမှာ
 တောင်းထားလို့ ထပ်တင်ပေးလိုက်ပါတယ်. youtube က video link တိုင်းကို 
Download လုပ်ပေးတဲ့ Downloader ပါ. website ကနေ တစ်ခါတည်း convert 
လုပ်ပြီးတော့ တစ်ခါတည်း download လုပ်ချင်ရင်တော့ နည်းတစ်ခါတည်း 
ပြောပြလိုက်ပါ့မယ်. အောက်မှာ ပြောထားသလို တဆင့်ချင်းစီ လုပ်လိုက်ပါ။ အဲ့လို
 ဆိုက်ကနေ leech လုပ်ပြီး Download လုပ်မယ် ဆိုရင်တော့ ခုတင်ပေးတဲ့ youtube
 downloader မလိုတော့ပါဘူး။ တစ်ခါတည်း Download လုပ်ယုံပါပဲ။ 
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Website ကနေ Youtube video ကို ဘယ်လို တန်း Download လုပ်နည်း
- http://keepvid.com/ ဆိုက်ကိုသွားပါ
- မိမိ Download လုပ်လိုတဲ့ Youtube video ရဲ့ link ကို ယူလိုက်ပါ။ (Link ယူတဲ့နေရာမှာ youtube video ဖိုင် အောက်ခြေမှာ Share ကိုနှိပ်ပြီး ထွက်လာတဲ့ video link ကို ကူးယူလိုက်ရမှာပါ)
- မိမိကူးလာတဲ့ share link ကို http://keepvid.com/ ထဲကိုသွားပြီး ကူးထည့်လိုက်ပြီး Download ကိုနှိပ်ပါ.
- ပထမဖိုင်ဆို alarm box ပေါ်လာပါလိမ့်မယ်. အဲ့ဒါဆိုရင် accept ပေးပြီး Run ကို နှိပ်လိုက်ပါ။ အဲ့ဒါပြီးရင်တော့ အဲ့မယ် 3GP, FLV, MP4, WEBM, MP3 စတဲ့ လင့်နဲ့ leech လုပ်ပေးလိုက်တာ တွေ့ပါ လိမ့်မယ်. အဲ့ဒါဆိုရင် ကိုကြိုက်တဲ့ Link ကို နှိပ်ပြီးဒေါင်းလိုက်ပါ. ဖုန်းထဲ ထည့်ချင်တဲ့သူများက Download 3GP ကို နှိပ်ပြီး Download လုပ်ယူယုံပါပဲ။ တစ်ခုထပ်ပြောချင်တာက သူ့ဘေးနားက ဖိုင်ဆိုက်ဒ်တွေကတော့ quality မြင့်တဲ့ video ဆိုရင် ဖိုင်ဆိုက်ဒ်ကြီးနေမှာ ဖြစ်ပါတယ်. အဲ့တော့ ဖိုင်ဆိုက်ဒ်ငယ်တာကို ရွေးပြီးတော့ ဒေါင်းလိုက်ပေါ့.
Credit: nyinaymin.org
Zippyshare | Ziddu | Sharebeast | Solidfiles | Rapidshare | Filefloud | Mirrorcreator | Tusfiles
Zippyshare | Ziddu | Sharebeast | Solidfiles | Rapidshare | Filefloud | Mirrorcreator | Tusfiles

 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။