နာရီလက်တံတွေက ပုံမှန်လည်ပက်လို့ တစ်စုံတစ်ခုကို စကားပြောနေသလိုပါပဲ။ အခု စကားတစ်ခွန်းကြားလိုက်တယ် တွေ့ဆုံးပြီး ခွဲခွာကြရမယ်တဲ့လေ.ကျတော်ဒီနေ့ည နှုတ်ဆက်ပွဲသွားဖို့ရှိတယ် ဘယ်သူလည်း ဘယ်ကလည်း ဘာလုပ်တာလည်း ကျတော်တို့တွေအရမ်းရင်းနှီးခဲ့ကြတဲ့မိတ်ဆွေတွေပေါ့ နာမည်က ကိုကျော်ထွန်းသိန်းပါ တောင်ကြီး ယူနိုက်တက်အမရဘဏ်ခွဲ လက်ထောက်မန်နေဂျာဖြစ်ပါတယ်။ကျတော်နဲ့လုပ်ဖော်ကိုင်ဖက် မဟုတ်ပေမဲ့ နေ့တိုင်းတွေ့ဖြစ်ကြတယ် တစ်နှစ်ကျော်လောက် ရင်းနှီးခဲ့ကြတာပေါ့ ညနေပိုင်းဆိုကျတော့်ဆိုင်ကိုလာတက်တယ်။ညဆိုသူပျင်းရင် ကျတော် ဆီဖုန်းတွေဆက်တက်တယ် အဲလောက်ထိရင်းနှီးပါတယ် အလုပ်ပိတ်ရက်တွေမှာ သူ့အဆောင်မှာ ထမင်းဟင်းတွေချက်စားတဲ့နေ့တွေကလည်းမမေ့နိုင်စ၇ာပါ။ ကျတော်တို့ တွေမှာ စိတ်ဖိစီးမှုတွေရှိကောင်းရှိနေသော်လည်း ပျော်ရွင်အောင်နေတက်ခဲ့ပါတယ်။ ညှိမရတာ တစ်ခုတော့ရှိတယ် လက်ဘက်ရည်ဆိုင်သွားထိုင်ဖို့ဆိုရင် သူငြင်းနေကြပါပဲ သူအခါးကြိုက်တယ်ထင်ပါရဲ့..:D ဘယ်သူမှမသိတာလေးတစ်ခု သူ့မှာရှိတယ် ကျတော် ပြောပြမယ် ဘယ်သူ့မှ မပြောရဘူးနော် ကျတော်တောင် အွန်လိုင်းပေါ်ရှိတဲ့သူလောက် သာပြောပြတာ သူညအိပ်ပြီဆို ဘေးအနားရှိတဲ့သူအိပ်မရလောက်အောင်ပဲ ဒူးထောင်ပြီး လှုပ်လှုပ်နေတက်တယ် လှုပ်တာကိုတောင် စည်းနဲ့ဝါးနဲ့ပါဗျာ အိပ်မက်ထဲ ဘာတွေများ ဖြစ်ဖြစ်နေလို့လဲတော့မသိပေါင်။ကျတော် တစ်ခါတစ်လေ သူ့အဆောင်လိုက်အိပ်တယ် အဲဒီမှာညစာအတူစားဖြစ်ကြတယ် ကိုကျော်ထွန်းသိန်းနဲ့အတူရှိတဲ့ကိုကျော်ကိုကိုထိုက် ထမင်းဟင်းလက်ရာတွေနဲ့အတူမြိန်စွာစားခဲ့ကြတယ်။ ကျတော့်အစ်ကိုကြီး ကိုကျော်ထွန်း သိန်းကအရမ်းပျော်တက်တယ် အပျော်ကိုလိုလားသူပေါ့ အကြောင်းတော့ရှိပါတယ်။ လူမှုရေးကြောင့်လုပ်ငန်းကြောင့် ဖိစီးမှုတွေကများရတယ်လေ။ သူ့ထွက်ပေါက်ကတော့ ညချမ်းအချိန်အခါတွေပါပဲ သူစီးမျောနေခဲ့တာ တစ်နှစ်ကျော်ခဲ့လေပြီ အခုဆို ရန်ကုန်ကို ပြောင်းရတော့မှာမို့ ကျတော်တို့တွေခွဲခွာကြရတော့မယ် အရင်နေ့စဉ်နေ့တိုင်းဆုံခဲ့ကြ တဲ့သူတွေ ခွဲခွာသွားရပြီဆိုဝမ်းနည်းစရာတစ်ခုပေါ့ ခွဲရမယ်ဆိုတာကို သိပေမဲ့တကယ်ခွဲ ခွာရပြီဆို ခံစားကြရတာဓမ္မတာပဲမလား။ဒီညကျတော့်ကိုနှုတ်ဆက်ပွဲအတွက်ခေါ်ထားတယ် အခုစာရေးနေချိန်ထိ ကျတော်အလုပ်မှာပဲရှိနေသေးတယ်လေ ဆိုင်စောစောပိတ်ပြီး ကျတော်သွားဖို့စီစဉ်ထားတယ်။ ဒီတစ်ညမဆုံဖြစ်လိုက်ရရင် ကျတော်တို့တွေ စိတ်မကောင်း စရာဖြစ်ရမှာပေါ့ နောင်တစ်ချိန်ပြန်ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ သူ့အလုပ်ကိုယ့်အလုပ်တွေနဲ့လေ။ ဒီညကျတော်တို့တွေ တောင်ခြေနားက စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ချိန်းထားပါတယ်။ သတိရစရာနေ့ရက်တွေအတွက် စကားလုံးတွေဖောင်ဖွဲ့ကြာဦးမှာပေါ့။ ဒီပို့စ်လေးနဲ့ အမှတ်တရဖြစ်စေပါစေ Good Luck Ko Kyaw Htun Thein !
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။