ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 22 July 2012

ရှမ်းပြည်နယ်(တောင်ပိုင်း)ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းနှင့် ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း

ဇူလိုင်လ (၁၉)ရက်နေ့၊ နံနက် ၀၉၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမတွင် အမျိုးသားခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းနှင့် ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊  တောင်ကြီးမြို့နယ် အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ကြပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။