ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 8 February 2013

တောင်ကြီးမြို့တွင် ယနေ့နံနက် ၁၀:၃၀ ချိန် ခန့်တွင် ရှမ်းကျောင်းနှင့် ယာဉ်ထိန်းရဲ ရုံးအနီးတွင် ယာဉ်တိုက်မှုဖြစ်သွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ MarkII ကားမောင်းနှင်လာသူ ဒုတိယနှစ်ကျောင်းသား မောင်စိုင်းနော်ခမ်းဦးသည် ဆိုင်ကယ်အား အရှိန်ပြင်းစွာဖြင့် ကျော်တက်ခဲ့ရာ အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ညာဘက် ဓါတ်တိုင်အား ၀င်တိုက်မိခဲ့သည်။ ကားမှာဖြင့် အောက်ပုံအတိုင်း ဖြစ်ပွားခဲ့သည်။ မောင်နှင်လာသူ စိုင်နော်ခမ်းဦး ဘေးတစ်ဖက်တွင် မိန်းကလေးတစ်ဦးပါပြီး ၄င်းမိန်းကလေးမှာ နဖူးတွင် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ မောင်းနှင်သူ စိုင်းနော်ခမ်းဦးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသည်။



No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။