ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 24 February 2013

သောက်သုံးရေ လှုကြရအောင်

အများကောင်းမှု သောက်သုံးရေ လိုအပ်သော နေရာများတွင် အ၀ီစိတွင်း တူးဖော်နိုင်ရန် တောင်ကြီးမြို့ စိန်ပန်း ဘုန်းတော်ကြီးကျောင်းတွင် တူးဖော်နိုင်ရန် နေရာရရှိသဖြင့် အ၀ီစိတွင်းတူးဖော်သူများနှင့် လှုဒါန်းမည့်သူ အချို့ဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ရေထွက်မထွက် အရင်ဦးဆုံး စမ်းသက်တူးဖော်ရမည်ဖြစ်ပါသည်။ အဆင်ပြေခဲ့ပါက ယင်းရပ်ကွက်ရှိ သောက်သုံးရေရှားပါးမှုကို အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာ ရေစည် ၀ယ်သုံးလျှင်ပင် တစ်ခါတစ်လေ ယနေ့မှာ နောက်နေ့မှ ရတက်တယ်လို့ ရပ်ကွက်မှသိရှိရပြီး အိမ်နေ သိပ်သည်းမှု ရှိသဖြင့် ယခုလို ပူအိုက်ရာသီတွင် မီးရေးအတွက် ရေဆိုတာ ရှိနေမှ ဖြစ်ပါမယ်။ ယခုဆိုလျှင် ရေလှောင်ကန် အလူရှင် တစ်ဦးပေါ်ပေါက်ခဲ့သလို အ၀ီစိတွင်းတူးရန်အတွက် အလူရှင်များစာရင်း တစ်ချိုလည်း ရရှိနေပါပြီ။ အများကောင်းမှုနဲ့ လှုဒါန်းမှာ ဖြစ်တဲ့အတွက်ကြောင့် တက်နိုင်တဲ့ဘက်က လူဒါန်းနိုင်မှာဖြစ်ပါတယ် ရေအကျိုး (၁၀)ပါး မတောင်းပဲနဲ့ပြည့်နိုင်မှာဖြစ်ပြီး အမှန်တကယ်လိုအပ်သော နေရာတွေမှာ လူရတဲ့အတွက် ပိုမိုလို့မွန်မြတ်ပါတယ်။ လူဒါန်းမည်သူများ အသေးစိတ်သိလိုပါက ဆက်သွယ်ရန်၊ ကိုစိုင်းခွန်ဖ ဖုန်း-0941008297၊ကိုနိုင် ဖုန်း 09428363601 တို့ဖြစ်ပါတယ်။ ဦးဆောင်လုပ်ကိုင်မည့်သူများနှင့် လူဒါန်းသူအချို့ အစည်းဝေးလေးလုပ်ဖို့လည်း ရှိပါတယ်။
သဒ္ဒါတရား ပွားများနိုင်ကြပါစေ။ 
Facebook: https://www.facebook.com/groups/342157659225667/
 



No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။