ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 10 June 2013

အစိုးရမှ ချပေးသည့် 1500 တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက 60000 ဖြင့်ရောင်းချ

(အောက်ပါသတင်းမှာ မှားယွင်းနေကြောင်း ဒေသခံ အုပ်ချူပ်ရေးမှူးရုံးမှ သိရှိထားရပါသည်။ )
တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဒုတိယသုတ် မေလ ၂၃ ရက်တွင် အစိုးရက ကျေးရွာအုပ်စုအလိုက် ဖုန်းကဒ်ချပေးရာ မဲနိုက်စနစ်ဖြင့် ကျေးရွာရပ်ကွက်ရုံးတွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့မြောက်ဘက် နန်းဟူးကျေးရွာအုပ်စုတွင် မဲနိုက်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ရွာ (၁၁) ရွာရှိ ရွာသူကြီးနှင့် လူငယ်ခေါင်းဆောင်များကို ခွဲဝေပေးတာ အကုန်မရကြောင်း၊ ပြည်သူသို့ သုံးပုံတစ်ပုံသာ ခွဲဝေရောင်းချပြီး ကျန်သောကဒ်များကို ကျပ် (၆၀၀၀၀) ခြောက်သောင်း ပေါက်ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။

ဖုန်းကဒ်လိုချင်၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာတွင် “ဒါ ငါတို့အခွင့်အရေးပါ၊ ဒီလိုမှ မလုပ်လျှင် စားပေါက်မရှိတော့ဘူး” ဟု နန်းဟူးကျေးရွာ အုပ်ချုပ်ရေးမှုး စာရေးဦးမောင်သိန်းက ပြောကြောင်း၊ ဖုန်းကဒ်လိုချင်သော ဒေသခံတစ်ဦးက ဆိုသည်။

ပြည်သူများ အမှန်တကယ်အသုံးပြုစေပြီး လာဒ်စားခြင်းမရှိအောင် နိုင်ငံတော်အစိုးရက စည်းကမ်းချမှတ်ပေးသော်လည်း မဟုတ်မမှန်လုပ်ကိုင်နေသော တာဝန်ရှိပုဂ္ဂိုလ်များကြောင့် အမှန်တစ်ကယ် အသုံးပြုချင်သော ပြည်သူများက မျော်တော်ဇော်ဖြင့် မောနေရကြောင်း သိရသည်။

ထိုနည်း၎င်းပဲ ဘန်းကွေးကျေးရွာအုပ်စုမှာလည်း ဖုန်းကဒ် (၂၆) လုံး ချပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ခရီးသွားနေစဉ် စာရေးက အေးသာယာဘက်သို့ တစ်ကဒ်ကို တန်ဖိုးခြောင်းသောင်းဖြင့် ရောင်းစားနေကြောင်း၊ အမှန်တကယ်ဖုန်းလိုချင်သော ဒေသခံများ သွားရောက်မေးမြန်းရာတွင် ခရီးရောက်နေ၍ စာရေးက ရောင်းလိုက်ခြင်းဖြစ်ကြောင်း နောက်တစ်ခေါက် အမှန်တကယ်ချပေးမည်ဖြစ်ကြောင်း သိရသည်။ posted by Taunggyi Time

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။