ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 20 June 2013

အိပ်မက်ပင်လယ်

အချိန်တွေ ကြာလာလေလေ
အချစ်ဆိုတာ ငါ့အတွက် ဘာလဲ
မေးခွန်းများစွာထဲမှာ ငါကူးခက်လို့
နှစ်၊လ၊ရက်တွေ ကြာခဲ့လေပြီ

ချစ်ကြည့်ဖူးတယ် ဒီအတိုင်းပဲ...
ချစ်ကြည့်လိုက်တယ် ဒီအတိုင်းပဲ..
တုန့်ပြန်မှုတွေက တစ်ဖြေးဖြေး
ငါနဲ့အဝေး ...

စိတ်အာရုံ တစ်ခုလုံး နစ်ပစ်လိုက်တယ်
အချစ်ပင်လယ်ထဲ... ရင်ဘက်ထဲ အချစ်တွေနဲ့
အသက်ရှူမ၀အောင် မွန်းကြပ်တယ်
သူတို့ရဲ့ မသိစိတ် အတ္တတွေနဲ့...

ရိုးရိုးလေး မချစ်တက်ကြဘူး
ရိုးရိုးလေး မမြင်တက်ကြဘူး
မရှိမဖြစ်အချစ်က မင်းတို့အတွက်
လုပ်ဇာတ် ၊ လိုအပ်ချက်အတွက်တဲ့လား

မယုံနိုင်အောင် ချစ်ခဲ့ဘူးတယ်
နူးညံ့တဲ့ အိပ်မက်တွေနဲ့ အနာဂတ်လက်တွဲဖို့
ပင်လယ်ပြင်လို ကျယ်ပြောတဲ့ သူတို့စိတ်က
ငါ့အိပ်မက်ကို အဆိပ်ခပ်လိုက်ကြတယ်လေ....





No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။