 လူမှုဖူလုံရေးနည်းဥပဒေကို
 ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ထားပြီးဖြစ်ကာ 
အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ အလုပ်သမား
လူမှုဖူလုံရေးနည်းဥပဒေကို
 ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ထားပြီးဖြစ်ကာ 
အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ အလုပ်သမား
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ 
ပြောပြချက်အရ သိရပါတယ်။ အဆိုပါနည်းဥပဒေကို အတည်ပြုပြီးပါက ယခုနှစ်အတွင်းမှာ
 အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခုလို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း နည်းဥပဒေပါ အချက်အလက်တွေ 
အတိုင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ 
ဆေးကုသနိုင်ခွင့်တွေအပြင် အတည်ပြုပြဋ္ဌာန်းပြီးတဲ့ဥပဒေအတိုင်း 
လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ လူမှုဖူလုံရေးဥပဒေကိုလည်း 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က အတည်ပြုပြဋ္ဌာန်းပြီး 
ဖြစ်တယ်လို့သိရပါတယ်။
ယခုလက်ရှိမှာ လူမှုဖူလုံရေးကဒ်ပြားတွေကို Smart card အဖြစ် 
အသုံးပြုနိုင်ဖို့ ဓါတ်ပုံ ရိုက်ခြင်းနဲ့ လက်ဗွေယူခြင်းကိစ္စရပ်တွေကို 
ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း လူမှုဖူလုံရေးအဖွဲ့မှ 
တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ အခုလိုပြုလုပ်ပေးရာ မှာတော့ 
မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်နဲ့ အလုံ၊ စမ်းချောင်းအစရှိတဲ့ မြို့နယ်တွေက 
လုပ်ငန်းတွေမှ လူမှုဖူလုံရေးအဖွဲ့ဝင်တွေကို 
ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။
... MRTV-4
 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။