ရန်ကုန် စက်တင်ဘာ ၂၁
ကချင်ပြည်နယ်ရှိ တစ်ကြိမ် တစ်ခါမှ 
ရောက်ရှိခဲ့ခြင်း မရှိသည့် ဂန်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်
 ခဲ့သော မြန်မာ- အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရေး တောင်တက် အဖွဲ့သည် ယနေ့ 
 ညနေ ၅နာရီ ၄၅မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ 
ရောက်ရှိလာရာ  Htoo Foundation, Air Bagan, AGD Bank, Aureum Palace Hotel,
 Treasure Resorts  တို့မှ တာဝန် ရှိသူများနှင့် ဝန်ထမ်းများက 
ကြိုဆိုကြသည်။
အဆိုပါ တောင်တက် အဖွဲ့တွင် မြန်မာ 
နိုင်ငံမှ အမျိုးသား နှစ်ဦးနှင့် အမေရိကန် နိုင်ငံမှ အမျိုးသား လေးဦး၊ 
အမျိုးသမီးတစ်ဦး တို့သည် သြဂုတ် ၁၅ရက်တွင် စတင်၍ တက်ရောက်ခဲ့ကြရာ 
လမ်းခရီးတွင် မြန်မာနိုင်ငံသား တစ်ဦး နေမကောင်း ဖြစ်သဖြင့် တောင်ထိပ်သို့ 
မရောက် ရှိခဲ့ပေ။ စက်တင်ဘာ ၇ရက် မွန်းလွဲ ၂နာရီတွင် ဂန်လန်ရာဇီ 
တောင်ထိပ်သို့ မြန်မာ နိုင်ငံသား ကိုပြည့်ဖြိုးနှင့် အမေရိကန် နိုင်ငံသား 
ငါးဦးတို့ ရောက်ရှိခဲ့ပြီး အောင်ပွဲ ခံခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း၊ 
အမြင့်ပေ တိုင်းတာခြင်းများကို ဆောင်ရွက်ပြီး  မြန်မာအလံနှင့် အမေရိကန် 
အလံတို့အား တောင်ထိပ်တွင် စိုက်ထူနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တောင်ထိပ်သို့ တက်ရောက်ရခြင်းမှာ 
ဂန်လန်ရာဇီ တောင်သည် တစ်ကြိမ် တစ်ခါမှ   လူမတက် ရောက်နိုင် သည့်  တောင်ထိပ်
 ဖြစ်သဖြင့် တက်ရောက် နိုင်ရန်၊  ကွဲလွဲမှုရှိသော ဂန်လန်ရာဇီ တောင်ထိပ် 
အမြင့်များ (အိန္ဒိယ မြေပုံ အရ ၅၈၈၁မီတာ)၊ (ဒုတိယ ကမ္ဘာစစ်အပြီး ရုရှားတရုတ် 
မြေပုံများအရ ၅၆၉၁မီတာ)၊  (ဟားဗတ်မြေပုံ စာကြည့်တိုက် အရ ၅၇၅၈မီတာ)၊ 
(Google  မြေပုံအရ  ၅,၇၈ဝ မီတာ)ဟု ဖော်ပြမှု များကို အမှန်တိုင်းတာ၍ 
အမြင့်တစ်ခုကို အတည်ပြုနိုင်ရန်၊ ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ 
အမြင့်ဆုံးတောင် ခါကာ ဘိုရာဇီကို မြန်မာ- ဂျပန် တောင်တက်အဖွဲ့  တက်ရောက်စဉ်
 ပထမဦးဆုံး တက်ရောက်သူမှာ မြန်မာ နိုင်ငံသား နမားဂျွန်ဆင်ဖြစ်ခဲ့၍ 
ယခုဂန်လန်ရာဇီ တောင်ကို ပထမဆုံး တက်ရောက် နိုင်သူကိုလည်း မြန်မာနိုင်ငံသား 
ဖြစ်စေ လိုကြောင်းနှင့် ယခု တက်ရောက်သော မိတ်ဆွေ အမေရိကန် အဖွဲ့တွင် 
စာရေးဆရာ၊ ဂျာနယ် လစ်များ၊ ဓာတ်ပုံ ဆရာများ၊ ရုပ်ရှင် ဒါရိုက်တာများ 
ပါဝင်သဖြင့် မြန်မာ့ အလှ၊ မြန်မာ့ သဘာဝ များကို ကမ္ဘာအနှံ့ သိစေရန် ရည်ရွယ်၍
 တက်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက် 
နိုင်ခဲ့သည့် ကိုပြည့်ဖြိုးက မြန်မာ နိုင်ငံသား တစ်ဦးအနေဖြင့် 
နိုင်ငံခြားသား များနှင့် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့်
 အတွက် အလွန်ပင် ဝမ်းသာကြောင်း ပြောကြားသွား သည်။   Written by 
						စကားဝါ
 
		  	 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။