ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 3 December 2014

ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ဒေသတွင်း ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် စစ်တမ်းများကောက်ယူခြင်းကို နိုဝင်ဘာ(၂၆)ရက်မှ စတင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရာ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် မိဘပြည်သူများနှင့် တွေ့ဆုံရာတွင် ရှေးဦးစွာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သူရရှင်းမှ စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်မှု အနေအထားကို ရှင်းလင်းပြောကြားပြီးနောက် မိဘပြည်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ တစ်ရွာချင်းစီအလိုက် စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို နိုဝင်ဘာ(၂၆)မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ကျောက်တလုံးကြီးမြို့နယ်ခွဲအပါအ၀င် တောင်ကြီး တစ်မြို့နယ်လုံးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
"တောင်ကြီး (သန်းထူး) မှ သတင်းပေးပို့ထားပါသည်။"
 

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။