ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 3 December 2014

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံတဲ (အ.ထ.က)ကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ(29) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင်ကျင်းပရာ ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးး ဦးချစ်ဆွေ၊ ကျောင်း အကျိုးတော်ဆောင် နာယက ဦးကျော်ဇောတို့မှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယပိုင်းအခမ်းအနားအစီအစဉ်ကို ကျောင်းအစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ ပညာရေးဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှံထူးအောင် ကုမဏီမှ မန်းနေဂျင်းဒါရိုင်တာ ဦးသော်တာအောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရွှေထံ ပေးအပ်ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူ ဒါန်းသည့် တစ်ယောက်ထိုင် စာရေးစာပွဲခုံ အစုံ(၄၀)ကို လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်လင်းမှ လှူ ဒါန်းသည့် ဘိလပ်မြေအိတ်အလုံး (၇၀)ကို ဦးဥာဏ်လင်းကိုယ်စား ပြည်နယ်ပါတီကော်မတီဝင် ဦးအုန်းဖေမှလည်းကောင်း၊ ပတ္တမြားနဂါးကုမဏီ ဒါရိုက်တာဦးဝင်းနိုင်မှ ဘိလပ်မြေအိတ် အလုံး(၁၀၀)နှင့် ကွန်ပျူ တာ(၁)စုံကိုလည်းကောင်း၊ လျှံထူးအောင်ကုမဏီမှ စာရေးခုံ အစုံ(၁၀၀)ကိုလည်းကောင်း အလှူ ရှင်အသီးအသီးမှ လှူ ဒါန်းမှုကိုတာဝန်ရှိသူများက လက်ခံရယူပြီးနောက် ကျောင်းအကျိုးတော်ဆောင် နာယက ဦးကျော်ဇောမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး န၀မတန်း ကျောင်းသူ/ကျောင်းသားများမှ ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေပြီး ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအထိမ်းအမှတ် အလံများနှင့် လက်ဆောင်ပစ္စည်းများကို ကျောင်းအကျေိုးတော်ဆောင်အဖွဲ့မှ အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်များအား နေရာအရောက်ပေးအပ်ပြီး အခမ်းအနားကို နံနက်(၁၀း၃၀) အချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူ ရှင်များ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၃၅၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါကျောင်းဆောင်သစ်ကို နိုင်ငံတော်အစိုးရမှ ခွင့်ပြု ရံပုံငွေ ကျပ်သိန်း(၁၆၈၀) ကျပ်ဖြင့် တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။
သန်းထူး(တောင်ကြီး)

 

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။