ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 9 May 2014

အခြား တီလီကွန်ဆက်သွယ်ရေး ကွန်ရက် နှင့် ပထမဆုံး အောင်မြင်စွာ ချိတ်ဆက် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာ ယနေ့ သတင်းထုတ်ပြန်


ခေတ်မှီဆန်းသစ်သော တီလီကွန်ဆက်သွယ်ရေး ကွန်ရက်ဖြန့်ကျက် ရာတွင် ယခု ကဲ့သို့ တိုးတက်ပြောင်းလည်းသော အဆင့် ကို မှတ်ကျောက်တင်နိုင်ခဲ့
ရန်ကုန်၊ မြန်မာ။ ။အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ် တစ်ခု ၏ မိုဘိုင်း ကွန်ရက် နှင့် အပြန်အလှန် အောင်မြင်စွာ ချိတ်ဆက် လိုက်နိုင်ပြီ ဖြစ်ကြောင်း Ooredoo မြန်မာက ယနေ့ ကြေငြာ လိုက်သည်။ ယင်းသည် မြန်မာပြည် တွင် ကမ္ဘာ့အဆင့်မှီ တီလီကွန် ဆက်သွယ်ရေး စနစ်ကြီး ကိုတည်ဆောက်ရာတွင် အဓိကကျ သော မှတ်ကျောက်တင်ခြင်း တစ်ရပ် ဖြစ်သည်။ မတူသော ကွန်ရက် အချင်းချင်း အပြန်အလှန် ချိတ်ဆက် နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းသူပြည်သားများ စီးပွါးရေး ပြိုင်ဆိုင်မှုများက တစ်ဆင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများ ကို ခံစားနိုင်ကြရာတွင် အရေးပါသော အကြောင်းရင်း ဖြစ်သည်။ Ooredoo သည် 3G ကွန်ရက်ကို ဖြန့်ကျက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Ooredoo ၏ ကွန်ရက်ရှိသော နေရာတိုင်းတွင် အလွန်လျှင်မြန်သော အင်တာနက် နှင့် အချက်အလက်များ ရယူနိုင်ကြတော့မည် ဖြစ်သည်။ ယခုကဲ့သို့ အပြန်အလှန်ချိတ်ဆက်ခြင်း မှတ်ကျောက်သည် Ooredoo ၏ နောင်လာမည့် အနာဂတ် မျိုးဆက်သက်သစ် နည်းပညာ နှင့် အခြား မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီ အသစ်၏ လက်ရှိမျိုးဆက် နည်းပညာ တို့ကို ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်သည်။ယနေ့ သတင်းထုတ်ပြန်ရာတွင် မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီများ အကြား ကောင်းမွန်သော ဆက်ဆံရေးသည် အရေး ကြီးသော အချက် နှင့် ပတ်သက်၍ Ooredoo မြန်မာ ၏ အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က ၊ “ကျွန်တော် တို့ ရဲ့လုပ်ငန်းမှာ ဆိုရင် သုံးစွဲသူ ပြည်သူလူထု ရွေးချယ်နိုင်ဖို့၊ လုံးလုံးလျားလျား ချိတ်ဆက်နိုင်ဖို့ စတာတွေ အတွက် မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ အရေး အင်မတန်ကြီးပါတယ်။ မကြာတော့မယ့် အချိန်အတွင်းမှာ အခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရဲ့ ကွန်ရက် နဲ့ ချိတ်ဆက်မှုတွေ တိုးတက်လာတော့မယ် လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါတယ်။ယခုအခါတွင် Ooredoo မြန်မာသည် နောင်လာမည့် လများအတွင်း ၀န်ဆောင်မှုများကို စတင်မိတ်ဆက်ရန် ပြင်ဆင်မှုများနှင့် အလုပ်များ နေသော မြန်မာနိုင်ငံသား ၀န်ထမ်းပေါင်း ၇၀၀ ၊ ခုနစ်ရာကျော် ကို ခန့်အပ်ထားပြီး ဖြစ်သည်။

ref:Internet Journal

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။