မင်္ဂလာပါ။Windows 7 မှာ DVD Drive ပျောက်တာ တစ်ခါတစ်လေကျရင် ကြုံရတတ်ပါတယ်။အဲဒီ အခါကျရင် ကျွန်တော်တို့ BIOS ထဲဝင်ကြည့်တတ်ပါတယ်။BIOS ထဲဝင်ကြည့်ရင် လည်းအဲ့ဒီမှာ DVD Drive ရှိနေတယ်ဆိုတဲ့
အကြောင်းပြနေတယ်။အဲ့ဒီလို ဘာဖြစ်လို့ဖြစ်ရလည်းဆိုရင်
အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ဖြစ်နိုင်ခြေများတာက
Registry error တွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆ လို့ရပါတယ်။ဒါကြောင့် ဒီနည်းကိုသုံးပြီး Registry တစ်ချို့ ကို ကလိပေးရင် ပြန်ကောင်းနိုင်ပါတယ်။ကဲကြည့်ရအောင်။
အဆင့် ၁။ Start Menu ကို Click နှိပ်ပါ။ပြီးရင် Regedit ကိုရိုက်ထည့်ပေးပါ။
အဆင့် ၂။ Registry Editor ပေါ်လာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်း Double click
နှိပ်ပြီးသွားပါ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
အဆင့် ၃။ အပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းသွားပြီးရင် Folder name “{4D36E965-E325-11CE-BFC1-08002BE10318}” ကိုရှိပြီး အောက်ပုံမှာပြထားတဲ့ အတိုင်း Upper filter ကို
Delete လုပ်ပေးပါ။Upper Fillter လို့မတွေ့ Lower Filter လို့တွေ့ပါလိမ့်မယ်။Lower Filter ကိုလည်း
Delete လုပ်ပေးပါ။
တယ်ကယ်လို့သင်ဟာ “UpperFilters.bak” ကိုတွေ့နေတယ်ဆိုရင် မဖျက်ပါနဲ့။
အဆင့် ၄။ ပြီးရင် Registry Editor ကိုပိတ် သင့်ရဲ့ PC ကို Restart လုပ်ပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။
Credit: ?
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။