ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 7 April 2010

ဖျက်မရအမှား



ဖျက်လို့မရတဲ့ အမှားပါ  ဘာရည်ရွယ်ချက်မှကိုမရှိဘူး ဟီးဟီး လှတယ်မလား တကယ်တော့ ဒီလို တက်တူး ထိုးတယ်ဆိုတာ အများအားဖြင့်မကြိုက်ကြပါဘူး မထိုးတာကောင်းတယ်လို့တော့ ပြောလို့မရဘူး ကြိုက်တဲ့ သူကတော့ ထိုးမှာပဲပေါ့ ဘာဖြစ်ဖြစ် ကိုယ့်စိတ်သာအဓိကပါ ကျွန်တော်တော့ ကြိုက်လို့ထိုးတာ ဖျက်ရတယ်ထားဦး မဖျက်တော့ဘူး သေရာပါလေးပေါ့ ကြိုက်လိုထိုးတာ ဖျက်ဖို့ထိုးတာမှမဟုတ်တာ ဟုတ်တယ်မလား အဖော်ခေါ်နေတာနော် :P ပထမ တစ်ခါထိုးတုန်းက သေးသေးလေး ကနုတ်လေ နောက်တစ်ခါတော့် ဇပြင်းးလာပြီ လက်တစ်ဝက်လောက် ထိုးလိုက်တယ် ထိုးပြီးနောက်နေ့မှတော်တော်နာလာတယ် နံနက် (9)ရီထိုးလိုက်တာ မကြာပါဘူး (10) ကျော်မှာ ပြီးသွားတယ် တစ်ချို့ရဲ့ ထင်မြင်မှု တွေရှိပါတယ် မှားတယ်လို့ထင်မြင်ချက်ကိုယူဆလို့မရဘူး ဒါထိုးခြင်းအားဖြင့် ရောဂါတွေ ၀င်ရောက်နိုင်တယ်ဆိုဒါလေ ဟုတ်မှာပါ တစ်ချို့လည်း သူငယ်ချင်းအချင်းချင်းစမ်းထိုးတာတွေရှိကြတယ် အပ်တွေ ဆေးတွေနဲ့အတူတူထိုးကြိတယ် တကယ်တမ်းထိုးမယ်ဆို တက်တူးထိုးရတာ တန်ဖိုးပေးရတာများတယ်ဆိုပေမဲ့ စိတ်ချရတယ် ပါကင် အပ်တွေ ဆေး သီးသန့်တွေ ပြောရမယ်ဆို ဒါထိုးဖို့အတွက် ကိုယ်စိတ်တိုင်းကြ အသုံးဆောင်ရွေးချယ်ထိုးတာအကောင်းဆုံးပါ ဒါဆို ဘာမှမဖြစ်ပါဘူး ဒါထိုးတိုင်း ဒီရောဂါတွေဖြစ်မယ်ဆိုရင် တွေးကြည့်ပါ ဟုတ်တယ်မလား အဓိက ကတော့ထိုးမယ်ဆိုဆုံးဖြတ်ပြီးမှ ဒါလေးအရင်စမ်းထိုးမယ်မလုပ်နဲ့ပေါ့ ကိုယ်ထိုးချင်တာဒါကြီး စိတ်တိုင်းကျ ကောင်းတဲ့နေရာမှာသွားထိုးလိုက်ပါ ဘာကြောင့်လည်းဆို ဖျက်လို့မရတဲ့အမှားကြီးလေ စာရွက်ပေါ်က ရေးခြစ်ပြီးသား ခဲဖြက်နဲ့ ပြန်ဖျက်သလိုမလွယ်ကူးပါဘူး ကျွန်တော်ကတော့ ဘာပုံထိုးလိုက်လည်းဆို ပုံမှာကြည့်လိုက်ပေါ့ဗျာ ကျွန်တော်ရေးခဲ့တဲ့ ပို့စ် တစ်ချို့မှာရှိတယ် အဲဒီအကောင်ကို သဘောအရမ်းကြတာ ဒါကြောင့် အဲဒီပုံထိုးလိုက်တာ အဆင်ပြေလို့ ပုံလေးထည့်ပြီးပြလိုက်တယ်နော် ...


2 comments:

  1. အစ်ကိုပြောတာမှန်ပါတယ်။ လူဆိုတာ အကြိုက်တစ်မျိုးစီပါပဲ။ အဲ့ဒါအစ်ကိုထိုးထားတာလား။ အရမ်းမိုက်တယ်။ ကျွန်တော်လည်း ငါးကြင်းပုံထိုးထားတယ်။ လက်မောင်းမှာ။ ဒါပေမယ့် အသားမည်းတော့သိပ်မပေါ်ဘူး။ အစ်ကို့ထိုးထားတဲ့ပုံကတော့ လန်းတယ်။ အစ်ကိုကအသားဖြူတော့ ကြည့်လို့ကောင်းတယ်။
    အစ်ကို့ရဲ့ email လေးတစ်ချက်လောက်ပြောပြပါ့လား။ ကျွန်တော်အပ်လိုက်မယ်။ ကျွန်တော့်ဆိုဒ်ကိုလည်း လာလည်နိုင်ပါတယ်။ www.kyawzinlatt.com ပါ။
    ကျွန်တော်က မန်းတလေးကပါ။ နာမည်ကကျော်ဇင်လတ်။ အသက် ၂၁ပါ။ ခင်တတ်ပါတယ်။

    လေးစားလျှက်

    ReplyDelete

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။