ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 27 April 2010

ကျွန်တော်လွမ်းတဲ့တက္ကသိုလ်(၁)

ဟိုစဉ်ချိန်တွေပေါ့ သတိရနေမိလိုက်တာ ရာသီဥတုကလည်း ပူပြင်းလိုက်တာနှော ကျွန်တော့်အာရုံမှာ ခံစားမိလာတယ် မျက်လုံးတွေမှာလည်း အရင်ကအရိပ်တွေ ထင်ဟပ်လို့ပေါ့ ကျွန်တော် ပထမနှစ်ကျောင်းတက်စက အပြင်အဆောင်မှာနေတာလေ အဆောင်နာမည်က (ကျား)ဆောင် ပျော်စရာကောင်းတဲ့ အဆောင်ဖြစ်ပါတယ် ဘာလို့လည်းဆို အဲဒီအဆောင်မှာငယ်ပေါင်းသူငယ်ချင်းတွေကြီးစု နေကြတာလေ ဒါပေမဲ့ တစ်ချို့က ဒုတိယ နှစ် တတိယနှစ်တွေ ပေါ့ ဘယ်လိုပျော်စရာကောင်းလည်းဆို ဆက်ပြောမယ်နော် စာဖတ်သူတော့ မသိဘူး ကျွန်တော်တို့တော့ပျော်ခဲ့တယ် အခုလည်းစာရေးရင်း လွမ်းလည်းလွမ်း ပျော်လည်းပျော်နေမိတယ် တက္ကသိုလ် မရောက်ခင်ကတည်းက ဂစ်တာရူးတွေလေ ကျွန်တော်တို့မြို့လေးရဲ့ အနောက်ဘက်လို့မည်တဲ့ ဘု၇ားလှ တံတိုင်းမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ အစ်ကိုတွေက ဂစ်တာတီး အော်ဟစ်ခဲ့ကြတာလေ ဆောင်းတွင်းဆို မီးပုံကြီးဘေးမှာပေါ့ ညစဉ် အဒေါ်လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြတယ် တစ်ဆိုင်လုံးလည်းဆူညံနေတာပါပဲ အဲဒီမှာလူစု ပြီးရင် စောစောကပြောတဲ့ ဘုရားလှ တံတိုင်းမှာ သွားပြီးအော်ဟစ်လိုက်ကြတာ အဖွဲ့လိုက်ဆိုတဲ့ သီချင်းလေး မှတ်မိလိုက်သေးတယ် တော်တော်မြိုင်တဲ့ သူချင်းလေးပေါ့ (ဒီဇင်ဘာ)မျိုးကြီး ၊ အငဲ ၊ လေးဖြူ တို့ဆိုတာပေါ့ အဲလိုနဲ့ကျွန်တော်တို့တွေဟာ တက္ကသိုလ်မှာ လူပြန်စုမိပြီး နေလည်ပိုင်းဆို အဆောင်တွင်းမှာ သီချင်းတိုက်ကြတာပေါ့ ဟီးဟီး အဆိုကျော်တွေ ညဆိုရင် ကောင်မလေးတွေအဆောင် လစ်တော့တာပဲ ဟိုဟာတွေလစ်တာလေ ဟုတ်ပါဘူး..:D အဲဒီတုန်းက ကျွန်တော် ပထမနှစ် ဆိုတော့ နေ့လည် 11.45 လားမသိဘူး အဲအချိန်လောက်မှ ကျောင်းသွားရတာလေ မနက်ပိုင်းသွားရတဲ့သူကလည်း ရောက်လည်လည်နဲ့ သွားရင်တဲ့အချိန်မှ သွားကြတာလေ ဒါပေမဲ့လူလည်တွေပါ pritical အချိန်တွေ Tutorials ချိန်တွေတော့ မလွတ်စေကြပါဘူး အဲလိုနဲ့ ကျောင်းသားဘ၀ကို စတင်ခဲ့ပါတယ် နောက်ပိုင်းမှာ အလွမ်းတွေဖြစ်စေဖို့အတွက် ဇာတ်လမ်း ဇာတ်ကွက်တွေ များလာတော့တာပါပဲ ..ဒီလိုနဲ့ ကျွန်တော်ဆက်ရေးပါမယ် အခုအလုပ်လေးရှိလို့ ခဏသွားလိုက်ပါဦးမယ်

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။