ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 28 April 2010

ကျွန်တော်လွမ်းတဲ့တက္ကသိုလ်(၃)

ပထမ နေခဲ့တဲ့ (ကျား)ဆောင် ပိုင်ရှင်တွေက ကိုမိုးဒီ နှင့် မဝေ ဖြစ်ပါတယ် အဲဒီအဆောင် ဘာကြောင့်ကောင်းလည်းဆို ရေ ၊ မီ အလျှံပါယ်ပါပဲ ပြီးတော့ ကျွန်တော်တို့က ဆန်ပေးပြီးချက်ခိုင်းတယ် အိမ်ကပို့တဲ့ ဟင် ပျက်တောက်သွားချိန်မှာတော့ အပြင်က ၀ယ်စားခဲ့သလို သူတို့ဟင်းတွေပါ ယူစားရလို့လေ ပြီးတော့ သူတို့သားငယ်လေး အော်တာလို့ ကျွန်တော်တို့နာမည်ပေးထားတယ် ငယ်ငယ်လေး ဂျစ်စုပ်စုပ်ကောင်လေးပေါ့ ပျင်းနေရင် ဒီကောင်လေးကို စလိုက်နောက်လိုက်နဲ့ပေါ့ နောက်ပိုင်းမှာ အဆောင်ကိုကောင်မလေးတွေလာတွေ့ကြတယ် ဘာကောင်မလေးတွေဖြစ်မှာလည်း ကျွန်တော်တို့တွေ ညည ဂစ်တာသွားတီးတဲ့ ရွှေရည်ဝင် အဆောင်ကကောင်မလေးတွေပါ သူတို့နဲ့ ဘယ်လိုသူငယ်ချင်းတွေ ဖြစ်သွားလည်းဆို ပြောပြမယ်နော် အမှန်တိုင်းပြောရရင် ကျွန်တော်ပေါ့ သင်္ချာ မေဂျာက ကောင်မလေးကို propose လုပ်ရင်းနဲ့အဲဒီအဆောင်ကိုတွေ့သွားခဲ့တယ် ကျွန်တော်တို့ခေတ်က တော်တော်လေးလည်း လွတ်လပ်တယ်ဗျ ညဂစ်တာသွားတီးတယ် အားပေးကြတယ် သူတို့က အဆောင် ဒုတိယထပ် မှာနေကြတာလေ ကျွန်တော်တို့ လာပြီဆိုရင် သူတို့ အခန်းမီးတွေပိတ်လိုက်တယ် တော်တော်ကြာမှာ ကောင်းကင်က ချိုချဉ်၊ရေဘူး၊အစရှိသဖြင့်ပေါ့ ကျရောက်လာတယ် သူတို့ကသီချင်းတောင်းပါတယ် သူတို့ကြိုက်ခဲ့မယ် ထင်တယ် (၀ိုင်းဝိုင်း)ဆိုတဲ့ သီချင်းပါ ခွေမထွက်သေးပါဘူး အချစ်ငှက် စီးရီးထဲက (ဖြေသိမ့်လိုက်)သီချင်းပါ ဒီလိုဒီလိုနဲ့ ညပေါင်းများစွာကြာလာတော့ တော်တော်လေးခင်လာကြပါတယ် ညတစ်ညမှာ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းစတော့တာပဲ သူတို့က အပေါ်ထပ်ကနေ စာတွေပစ်ချတယ် နာမည်တွေမိတ်ဆက်ကြတာပေါ့ ကျွန်တော်တို့က အောက်ကနေပြန်ပစ်ပေးရတာပေါ့ မှတ်မိသလောက် ကျွန်တော်သူငယ်ချင်းတွေကို သူတို့နာမည်ပြောင်ပေးတယ် ရှလွတ်ခမ်း၊ကွက်ကွက်၊ကျွန်တော့်ကိုတော့ လိုင်းယွင်းတဲ့လေ နောက်ပိုင်းမှာ အပြင်မှာတွေ့ဖို့ ချိန်းလိုက်ကြတယ် ကျောင်း ကန်တင်း တစ်နေရာမှာပေါ့ ကျွန်တော်တို့ထဲက သူငယ်ချင်းတစ်ရောက်က အရင်ရောက်သွားတယ် နောက်မှ ကျွန်တော်တို့နောက်ကလိုက်သွားကြတယ် ကန်တင်းမှာ စကားစမြည်ပြောကြရင်းနဲ့ အဲခေတ်က ကာရာအိုကေလေ သွားဟစ်မယ်ပေါ့ ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေ တော်တော်လေး ရင်းနှီးလာကြတယ် ညဂစ်တာသွားတီးရင် သူတို့တွေက ထမင်းတောင် အဆောင်အောက်ဆင်း ကျွေးတော့တာပဲ နေ့လည်ပိုင်း အတန်းမရှိချိန်တွေဆို သူတို့အဆာင်သွားလည် ဖြစ်ခဲ့ကြတယ်။
ကောင်မလေးတွေထဲက တစ်ယောက်မွေးနေ့ကြုံလာရပါတယ် မီးငယ်ဆို တဲ့ကောင်မလေးမွေးနေ့လားပဲ ညနေ ဘုရားပေါ်တက်ခဲ့တယ် နောက် ဟိုက်ကလပ် ဆိုင်မှာ အစာသွားစားကြတယ် စားရင်းသောက်ရင်း စကားဆုံလာမိတယ် နွေဦးပေါက်ချိန်ဖြစ်တော့ ခရီးသွားမဲ့အစီစဉ် စတင်စွဲလိုက်တယ် သူလိုက်မယ် သူကမလိုက်တော့ဘူး နောက်ဆုံးတော့ အားလုံးသွားဖို့ စီစဉ်လို့ရခဲ့တယ် (မန်းရွှေစက်တော်)ခရီးစဉ်ပါ ကျောင်းပိတ်ရက်ကိုရွေးသွားလိုက်ပါတယ် ကားကွင်းကနေ လိုင်းကားစီးပြီးသွားကြတယ် ဟိုရောက်ရင် စားဖို့အတွက် သူတို့တွေ ချက်ပြုပ်လာပေးခဲ့တယ်။ သူငယ်ချင်းတွေ (10)လောက်ရှိမယ် ခရီးတစ်လျှောက် တိတ်ဆိတ်နေခဲ့တယ် မန်းရွှေစက်တော် ရောက်ခါနီးမှ အသံတွေ တွတ်တွတ် ထွက်လာကြပြီ ပျော်ရွင်ဖို့အတွက် လမ်းစကိုတွေ့မြင်ကြသူတွေပေါ့ အဲလိုနဲ့ တည်းကြောင်းတစ်လုံးငှား အထုပ်ပိုးတွေ ပစ်ချ နေကဆို အရမ်းပူတယ် ဒါပေမဲ့ သဘာဝလေကို ရူရိုက်ခွင့်ရတယ် ချောင်းရေစီးသံတွေ ပွဲတော်တွင်းမှ လူတွေ လှုပ်ရှားသံတွေ ချောင်းထဲမှာ ရေချိုးနေကြတဲ့ ဒေသပေါင်းစုံက လူတွေမြင်ပြီး ပူအိုက်တဲ့ ရာသီဥတု ဟာ ပျောက်ကွယ်သွားခဲ့ရပြီလေ။ ကျွန်တော်တို့လည်း ခဏနားပြီးတာနဲ့ ရေကစားဖို့ ပြင်ဆင်လိုက်ကြတယ် မှတ်မိနေတယ် သူငယ်ချင်း ကောင်မလေးတစ်ယောက် မျက်မှန်လေး ၀ါးတံတားပေါ်မှာ တွန့်ရူပ်တွန့်ရူပ် ရေထဲဆင်ဖို့ ၀န်လေးနေချိန် ကျွန်တော် နောက်ကတွန်းချလိုက်တော့တာပဲ သူအရမ်းလန့်သွားတယ် ပြီးတော့ ငိုမဲ့မဲ့လေး မျက်လုံးထဲ မြင်ရောင်နေမိတယ် အဲလိုဖြစ်သွားတော့ ကျွန်တော်အရမ်းဆိုးရိမ်သွားခဲ့တယ် သောက်ရေ တစ်ခွက် အမြန်ပြေးယူပြီး တိုက်လိုက်ရတယ် ပြန်ချော့ရတာပေါ့ဗျာ သူအဲလိုဖြစ်သွားလိုက်ချိန်မှာ ကျွန်တော့ရင်ဘက်တစ်ခုလုံး ၀ုန်းတိုင်းကျဲ ဖြစ်သွားမိတာကို စဉ်းစားနေမိတယ်။

ရေချိုးပြီးတော့ နေ့လည်စာစားကြတယ် ဘာဟင်းတွေမှန်းတော့မမှတ်မိတော့ပါဘူး တော်တော်မြိန်ခဲ့တယ် သူငယ်ချင်းတွေ ၀ိုင်းဖွဲ့လို့ ထမင်း ပန်းကန် တစ်ခု နှစ်ယောက်စားသူက စားပေါ့ ။ ညပိုင်းရောက်တော့ မန်းရွှေစက်တော် ရဲ့ အထက်စက်တော်ရာ ကိုဘုရားဘူးဖို့ လှေခါးတွေအတိုင်း တက်ခဲ့ကြတယ် တောင်ထိပ် အဲဒီနေရာက မုဆိုး ဒူးထောက်ပေါ့ တော်တော်လေးလည်းမြင့်ပါတယ် ပေါ်မှာ လေကလည်း အရမ်းတိုက်တာပေါ့ ဘုရားဖူးပြီး အောက်ပြန်ဆင်းဖို့ အားအင်တွေရှိလာချိန်မှာ လှေခါးအတိုင်းပြန်ဆင်းလာခဲ့ကြတယ် မအိပ်ကြပါဘူး မန်းရွှေစက်တော်ရဲ့ အရသာကို အပြည့်ဝခံစားကြပါတယ် ညအချိန် မန်းချောင်းရဲ့ ရေစီးသံတွေဟာ ရှင်းရှင်းကြီးကြားနေရသလို စကားပြောသံတွေ ပြီးတော့ မန်းချောင်းလေးကို ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးဖို့ ၀ါးတံတားတွေ အများကြီးလုပ်ထားပါတယ် တံတားနဲ့နီးတဲ့ တဲကျောင်းတွေက အဲဒီတံတားပေါ်မှာ သောက်ကြစားကြ စကားတွေပြောလိုက် ဂစ်တာတွေတီးလိုက် နဲ့ အဲဒီအချိန်မှာ လေပြည်လေညှင်းတွေ တိုက်တဲ့ အရသာကလည်း တော်တော်လည်း ခံစားလို့ကောင်းပါတယ် ။ကျွန်တော်တို့လည်း အဲဒီလိုညတွေကို အတူခံစားဖြစ်ခဲ့ကြပါတယ်။ဂစ်တာတွေတီး လိုက်စကားတွေပြောလိုက်နဲ့ပေါ့ အယ် ပြောလိုက်သေးတယ် ဘယ်သူမှမအိပ်ရဘူးနော်ပေါ့ ပျော်ရွှင်စရာတွေကို အိပ်စက်လိုက်တဲ့အချိန်တွေနဲ့မလည်းကြနဲ့ အိပ်တယ်ဆို တာ ဘယ်အချိန်အိပ်အိပ်ရတယ်ပေါ့ ဒါပေမဲ့ ညတော်တော်နက်တော့ ကျွန်တော်တို့တွေ အိပ်စက်အနားယူလိုက်ကြပါတယ် တစ်နေကုန်ပင်ပန်းထားတော့ အိပ်မှဖြစ်မှာပေါ့လေ နောက်ရက်တွေ လျှောက်သွားဖို့အတွက် အားမွေးရင်း အိပ်လိုက်ကြပါပြီ။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။