ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Tuesday 6 December 2011

စနေ

ကြယ်စင်မင်း ဒီနေ့ဆိုခွင့်ရက်မို့ အလုပ်ကိုမသွားဘူး အိမ်မှာနေရင်း အပြင်တစ်ခြား အလုပ်ကိစ္စလေးတွေလည်း သွားလုပ်တယ် ကြယ်စင်မင်း နံနက် (8:00)နာရီအိပ်ရာထတယ် နံနက်စာစားပြီးနောက် ခဏလမ်းလျှောက် အလုပ်အကြောင်းနဲ့ ဘာလုပ်ရမယ်ဆိုတာစဉ်းစားနေမိတယ် အဲဒီအချိန်မှာ သတိရသွားတာက အင်တာနက်ဆိုင်တစ်ဆိုင်က ခေါ်ထားတာကိုသတိရသွားတယ် စက်တွေပျက်နေလို့ လာကြည့်ပေးပါဦးဆိုပြီးခေါ်ထားတာပါ ကြယ်စင်မင်း အဲဒီဆိုင်ကိုသွားခဲ့ပြီး ဆိုင်မှာအချိန်အနည်းငယ်ကြာခဲ့တယ် နောက်ပိုင်း စက်တစ်စက်က မန်မိုရီမကောင်းတဲ့အတွက် မြို့ထဲကိုဆင်းပြီးသွားရတော့မယ် ဆိုင်ပိုင်ရှင်က photo paper နှစ်ထုပ်နဲ့ A4 teach ကင်မရာ (၃)လုံးမှာလိုက်တယ် ညနေပိုင်းမှပြန်လာမယ်လို့ ကြယ်စင်မင်း ပြောပြီး ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ကြယ်စင်မင်း သူ့မိတ်ဆွေတွေဆီ ခဏ၀င် သူတို့တွေကလည်း ၀န်ထမ်းတွေဆိုတော့ ပိတ်ရက်မှာ ထမင်း၊ဟင်း ချက်ပြုပ်စားသောက်တက်ကြတယ်လေ ရောက်သွားတော့ တစ်ယောက်က အ၀တ်လျှောက်လို့ နောက်တစ်ယောက်က ချက်ပြုပ်ဖို့ပြင်ဆင်နေတာကိုတွေ့ရတယ် "ကြယ်စင်မင်း" ကမေးလိုက်တယ် အစ်ကိုဘာချက်မလို့လဲ မကြာမကြာပြောတက်တဲ့ ရခိုင်ဟင်းပါတဲ့ ထို့နောက် ကြယ်စင်မင်း စကားပြောရင်း သူ့မိတ်ဆွေချက်ပြုပ်နေတာကိုငေးကြည့်နေမိတယ် အရင်ဦးဆုံး ပဲဇောင်ခါးသီးလားပဲ လှီနေတယ် နောက်ပြီးမုန်လာဥဖြူ၊ဂေါ်လခါးသီး (စူကာသီး)တို့ကို အသင့်သင့်လုပ်ကိုင်ပြီး ရေဆေး ပန်းကန်ပြားတစ်ချက်မှာထည့်ထားလိုက် ပြီးတဲ့နောက် ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ငရုပ်သီးစိမ်းမခြမ်းတို့ကို ဆီသတ်ဖို့လုပ်ကိုင်ပြန်တယ် ကြယ်စင်မင်း ဆက်ကြည့်နေတယ် အိုးပူပူမှာ ဆီတက်နေတယ် ဆီသတ်ပြီးတဲ့နောက်မှာ အစောပိုင်းက ပုကံပြားထဲမှာထည့်ထားတာတွေကို သွန်ထည့်လိုက်တယ် သူတစ်ခုမေ့ကျန်နေခဲ့တယ် အစောပိုင်းကငါးခြောက်တစ်ချို့ကို အပိုင်းလေးတွေဖြတ်ထားတာရှိတယ် ဆီသတ်တဲ့အချိန်မှာမထည့်လိုက်ရဘူး ဒါနဲ့အခုမှတစ်ခါတည်းရောသမမွှေလိုက်တော့တယ် ရခိုင်လူမျိုးကြီးဆိုတော့လည်း အိမ်ကပေးလိုက်တဲ့ရခိုင်ငပိစစ်စစ်ကို ရေသန့်အနည်းငယ်ရောပြီး အိုထဲထည့်လိုက်တယ် ကြက်သားမှုန့်၊စားအနည်းငယ်၊ငရုပ်သီးမှုန်တို့ကို အချိုးစားညီမျှအောင်ထည့်ပြီး ချက်နေပါပြီ ထိုအချိန်မှာ သူနဲ့အတူနေတဲ့ ကြယ်စင်မင်း မိတ်တွေတစ်ယောက်ကစားလှမ်းပြောလိုက်တယ် အစ်ကိုဟင်းကဘာဟင်းလဲ စည်ပင်သာယာပုံးကို အောက်က မီးအပူပေးပြီးချက်တဲ့ဟင်းလားဆိုပြီး နောက်နေတယ် အကြောင်းကဒီလို အသီးအရွက်တွေ ဓါးနဲ့ခုတ်ဆင်းစဉ်က တစ်ချို့နာတာလေးတွေပါ ရောထည့်လိုက်တာကို မြင်သွားတာလေ အသီးအရွက်ကလည်းစုံနေတော့ နောက်လိုက်တာပါ။ နောက်ဆုံး ဟင်းအိုးချခါနီးမှာ နံနံပင်အနည်းငယ်ညှပ်ပြီး ထည့်လိုက်သေးတယ် ကြယ်စင်မင်း ဟင်းကိုမြည်းကြည့်လိုက်တော့ တော်တော်အစပ်အဟပ်တည့်တဲ့ဟင်းဆိုတာလက်ခံလိုက်တယ်။ ဟင်းချက်မိတ်တွေက လှပါတယ်ဆိုမှ သနပ်ခါးမလိမ်းရသေးဘူးဖြစ်နေတယ် ဒီဟင်းကောင်းတာက ချက်တက်လို့ကောင်းတာမဟုတ်ဘူး ငပိကကောင်းလို့ပါဆိုပြီးဆက်ပြောသေးတယ် အရမ်းခင်စရာကောင်းတဲ့ မိတ်ဆွေနှစ်ယောက်ပါ။ဟင်းကျက်တာနဲ့ ကွန်ပျူတာပစ္စည်းအရောင်းဆိုင်းအဖော်လိုက်ခဲ့တယ် အားလုံးပြီးတာနဲ့ ကြယ်စင်မင်းရဲ့မိတ်တွေကို ကြယ်စင်မင်းပြန်လိုက်ပို့ပေးခဲ့တယ် ထမင်းဖို့အရမ်းတားနေတယ် ဒီနေ့သူတို့ချက်ပြုပ်တဲ့ ဟင်းတွေကတော့ စုံနေတာပါပဲ ကြယ်စင်မင်းလည်း အလုပ်ကိစ္စရှိတာနဲ့ ထမင်းစားဖို့ငြင်းပြီးပြန်လာခဲ့တယ် ပြန်လာရင်းလမ်းမှာ ငါးဝယ်ချင်စိတ်ပေါက်လာတယ် အရင်တစ်ခေါက်က ရောက်ပြီးဝယ်ဖူးတဲ့ ငါးဆိုင်ကိုဝင်ခဲ့တယ် ငါးတွေကတော့စုံပါတယ် ကောမက် တစ်ကောင် ငမန်းပေါက်ပုံစံလေး နာမည်တော့မသိပါဘူး အဲဒီနှစ်ကောင်ဝယ်ခဲ့တယ် အိမ်မှာဝယ်ထားပြီး နေ့လည်စာစားပြီးခဏနေ အိပ်လိုက်တယ် ညနေ အိပ်ရာနိုးတော့ နံနက်ကလုပ်စရာရှိတာလေးတွေပြန်သွားလုပ်တယ် အလုပ်ကို ကြယ်စင်မင်းရဲ့တူ လိုက်လာတယ် သူက အတန်းပညာရှစ်တန်းရှိပြီ ကူညီပါအုန်းတဲ့ ကျောင်းမှာ ပြိုင်ပွဲတစ်ခုရှိတယ် အဲဒီအတွက် ပါဝါပွိုင့် လုပ်ပြီး ရှင်းပြရမှာမို့ သူ့လိုအပ်တာလုပ်ပေးပြီးနောက် အိမ်ပြန်လိုက်ပို့ပေးခဲ့တယ် ကြယ်စင်မင်းရင်ဘတ်က လှုံ့ဆော်ပေးလာခဲ့တယ် သူချစ်တဲ့ လမင်းဆီကို ဖုန်းဆက်ဖို့ပါပဲ တကယ်ပါပဲ ကြယ်စင်မင်း ဖုန်းခေါ်လိုက်တယ် သူ့ချစ်သူ လမင်းနဲ့ တွေ့ပါတယ် လမင်းက ဖုန်းမဆက်တော့ဘူးထင်နေတာ ဒီနေ့ သတိရနေတယ်ဆိုတာကို လမင်းကပြောတယ် ကြယ်စင်မင်းကလည်း အမှန်တကယ် သတိရလို့ဆက်လိုက်တယ်ဆိုပြီး ပြန်ပြောတယ် အချိန်အနည်းငယ် ဖုန်းပြောပြီးနောက် စနေနေ့ တံခါးကြီးကို ပိတ်လိုက်ပါတယ်

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။