ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 11 December 2011

ဒီဇင်ဘာည

(ပုံ) စိတ်ကူးဖြင့်ပုံဖော်သည်

ဒီဇင်ဘာရဲ့ ညက အအေးဓါတ်ကိုပိုကဲလာစေတယ် တဖြေးဖြေးနဲ့အေးလာပြီ သြော် .....ကိုယ်ရပ်နေတာက ကွင်းပြင်တစ်ခုလိုနေရာမှာပါ့လား....အပေါ်အမြင့်ကိုကြည့်မိလိုက်တော့ အရင်ညတွေနဲ့မတူ ကောင်းကင်မှာ ထူးခြားနေတယ် သာနေတဲ့ဖိုးလမင်းကြီး တဖြေးဖြေးမှေးမှိန်နေတာတွေ့ရတယ် သူ့ရဲ့ပတ်ပတ်လည်မှာတော့ ကြယ်တွေကအုပ်စုလိုက် တစ်ကွဲစီလည်းနေရာယူနေကြတယ် တဖြေးဖြေးမှေးမှိန်နေတဲ့ ဖိုးလမင်းကိုငေးကြည့်နေရင်း အသံတွေကိုကြားနေရတယ် သံဗုံးခေါက်သံ၊တစ်စုံတစ်ခုတွေကို တုတ်နဲ့ရိုက်နေတဲ့အသံတွေဘာအဓိပ္ပါယ်တွေလည်းတော့မသိတော့ပါဘူး သေချာတာကတော့ ငေးကြည့်နေမိတဲ့ ဖိုးလမင်းကြီးဟာဖြင့် အလင်းမဲ့ညကိုပုံဖော်ပေးသလိုပါပဲ သူအလင်းမရှိတော့ဘူးလေ လ ကြပ်တာပါ။ အလင်းဖျော့ဖျော့လေးတော့မြင်ရပါသေးတယ် သူ့ကိုပုံဖော်ကြည့်လို့တော့ရပါတယ် ဖိုးလမင်းကြီး ဒီလိုညတွေဟာဖြစ်တက်ခဲပါတယ်။ အကြိမ်ပေါင်းများစွာ အမြဲလိုလိုပါ အကာရံ အဖော်မွန်တွေနဲ့ သူ့ဘေးမှာလင်းလက်တဲ့ကြယ်စင်တွေဟာ သူ့ကိုပုံဖော်ပေးတယ် ပေါ်လွင်စေခဲ့တယ် အဓိပ္ပါယ်တွေပြည့်ဝစေခဲ့တယ်။
သြော်..ငါဟာဖိုးလမင်းနဲ့ မိုးနဲ့မြေပါ့လား ငါရပ်တည်နေတာကလည်း ကမ္ဘာမြေရဲ့တစ်နေရာမှာပါ့လား စိတ်ကူးတွေကိုခေါက်သိမ်းပြီ ညရဲ့အေးစိမ့်မှုတွေကို ခန္ဓာကိုယ်ကလက်မခံနိုင်တော့တဲ့အချိန်မှာ နွေးထွေးစွာ အိပ်ရာဝင်လိုက်ပါတော့တယ်။ (မှတ်ချက်။ ။ည(၁၁)နာရီထိုးမှာ လ ပြည်ပြည့်သွားပါတယ်)

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။