ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 22 December 2011

ငါသိတဲ့အချစ်

အရာရာပြောင်းလဲတက်ခြင်းတွေမှာ အချစ်ဆိုတာပါသလား ပါတယ်ပြောလို့ရတယ် ဒါပေမဲ့မှားယွင်းနေတယ် ဘကြောင့်လည်း အချစ်ဆိုတာသူ့သူတည်မြဲနေတာမလား ပြောင်းလဲခြင်းတွေမှာမပါပါဘူး ချစ်ကိုဦးတည်ပြီး ငါဘယ်လိုမျိုးချစ်တယ် ခံစားမှုမျိုးစုံနဲ့ချစ်နေကြတယ်လေ ဒီတော့အချစ်ဆိုတာကိုအရောင်မျိုးစုံနဲ့ ချစ်တက်ကြတာမမှားနိုင်ဘူးလို့ပြောလို့ရတယ်။ မကောင်းဘူးပေါ့ဗျာ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်ကို ပေါ့ပေါ့လေးချစ်ခဲ့တယ် သူ့မှာလူတစ်ယောက်ကိုချစ်ဖို့ဝန်မလေးဘူးပေါ့။သူ့အတွက်အကာကွယ် နွေးထွေးမှုစီးကြောင်းလေးတွေကို ချိုမြိန်စွာသုံးဆောင်ချင်တယ်လေ။ ကောင်လေးကလည်းသိသိနဲ့စားသုံးခိုင်းပါတယ် သူ့ကိုချစ်တဲ့ အချစ်အမျိုးစားကိုသူနားလည်သဘောပေါက်ပါတယ် နားလည်ပေးထားလိုက်တာပေါ့ ခဏချစ်မျိုးပေါ့။ တကယ်တော့ဒါဟာအချစ်တော့မဟုတ် အချစ်နဲ့မဆိုင်ဘူး ချစ်တယ်စကားတွေပြောဖို့ဝန်မလေးတဲ့ သူတွေအတွက်တော့စိတ်မကောင်းမိပါဘူး တစ်ချိန်ချိန်အချစ်ကဒဏ်ခက်သွားပါလိမ့်မယ် သို့မဟုတ်အချစ်ရဲ့နောက်ကွယ်က ခါးသီမှုတွေကို ရင်ဆိုင်နေရလိမ့်မယ်။ အချစ်မှာအရောင်တွေမရှိပါဘူး   မြင်နိုင်ဖို့အစွမ်းတွေမရှိပါဘူး အချစ်ဆိုဒါစိတ္တဇနာမ်ဆိုတာကျတော်တို့တွေသိနေတယ်ဆိုရင် အရောင်တွေမဆိုးသင့်ပါဘူး အစောသောက်တွေမှာတောင်ဆိုးဆေးများရင်ရောဂါရတက်တယ်မလား ကျန်မာရေးနဲ့မညီညွတ်ဘူးလေ အချစ်မှာအရောင်တွေပါရင်လည်း မကောင်းဘူး အချစ်နဲ့မညီညွတ်ဘူးလေ ဘယ်လိုပဲချစ်ချစ် လူတိုင်းမှာခံစားချက်တွေရှိတယ် ခံစားချက်တိုင်းဟာအချစ်မဟုတ်ဘူး မုန်းတီးတဲ့ခံစားချက်လား ချစ်တက်တဲ့ခံစားချက်လားဆိုတာရှိနေသေးတယ်။ ဒီတော့ကလူတိုင်းလူတိုင်းမှာတော့ လောကရဲ့အကွေ့ကောက်တွေမှာ ခံစားချက်အမျိုးမျိုးရှိနေကြလိမ့်မယ်။ အလွမ်းတွေ သတိရမှုတွေတိုင်းဟာစစ်မှန်မယ်ဆိုရင် နေမ၀င်အချစ်မဟုတ်ရင်တောင် အချစ်အတွက်ခံစားချက်ကသက်ဝင်နေပါတယ်။ စကားလုံးအချို့တွေလူတိုင်းသုံးစွဲခွင့်ရှိပါတယ် အစောပိုင်းကပြောခဲ့တဲ့ အချစ် အချစ် ချစ်ပါတယ်ဆိုတာတွေလည်း လူတိုင်းသုံးစွဲခွင့်ရှိပါတယ် ဘာကြောင့်လည်းဆို ဒါကစကားလုံးတွေလေ ပြောခွင့်ရှိတာပေါ့ အချစ်ဆိုတဲ့စိတ္တဇနာမ်တစ်ခုဟာ လူသားတစ်ယောက်ဖြစ်နေမယ်ဆိုရင် အလွဲသုံးစားလုပ်မှု ပုဒ်မပေါင်းများစွာနဲ့ တရားစွဲခံနေရမှာသေချာနေပါပြီ

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။