ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 2 October 2011

နက်ဝတ်ခေါင်း ညှပ်ကြမယ်။

နတ်ဝတ်ခေါင်း ညှပ်တဲ့နေရာမှာ Type 3 မျိုးရှိတယ်။
၁။ Straight Through Cable
၂။ Cross Cable
၃။ Roll-over cable ဆိုပြီးသုံးမျိုးရှိတယ်။
၁။ Straight Through Cable ဆိုတာ ဘယ်လို ညှပ်ရလဲဆိုတာ အရင်ပြောမယ်။ နတ်ကြိုးတစ်ချေင်းမှာ ဟိုဘက်မှာ တစ ဒီဘက်မှာ တစ ရှိတယ်မလား။ အဲဒီ နှစ်ဘက်လုံးကို ပုံစံတူ ခေါင်းညှပ်ပေးရပါမယ်။ ဘယ်လို ညှပ်ရမလဲဆိုတော့ အောက်ကပုံကိုကြည့်။ 

ဘယ်လိုနေရာမျိုးမှာ Straight Through Cable ဆိုတာကို သုံးရလဲဆိုရင် Computer ကနေ Switch တို. Hub တို.ကိုချိတ်ဆက်ချင်ရင် သုံးပါတယ်။

၂။ Cross Cable ကြိုးညှပ်ပုံကတော့ တဖက်မှာ Type A ကို ညှပ်ပြီး ကြိုးစတဖက်မှာ Type B ကို ညှပ်ပေးရပါမယ်။ အောက်ကပုံကိုကြည့်ပါ။ 







Cross Cable ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင် Computer to Computer တို. Switch to Switch တို. ချိတ်ဆက်တဲ့နေရာမှာသုံး ပါတယ်။

၃။ Roll-over cable ဆိုတာကတော့ Router တွေကို ကွန်ပြူတာနဲ. Configure လုပ်တဲ့နေရာတွေမှာ ချိတ်ဆက်ဖို.အတွက်အသုံး ပြုပါတယ်။ Roll-over cable ကတော့ ကိုယ်တိုင်ညှပ်ဖို.မလွယ်ပါဘူး။ ဘာဖြစ်လို.လဲဆိုရင် ကြိုးစတဖက်က RJ-45 ခေါင်း ဖြစ်ပြီး နောက်တဖက်က Serial ခေါင်းပါ။ အောက်ကပုံမှာ ကြည့်ပါ။
ကျွန်တော်တို.တွေ PC to PC, Router to Router တို. Router to Hub တို. ချိတ်ဆက်တဲ့နေရာမှာ ဘာကြောင့် Type A နဲ. Type B ဆိုပြီး Cross Cable ကို ညှပ်ရလဲဆိုတာ နဲနဲပြောကြည့်မယ်။
နတ်ဝတ်ကြိုးတွေမှာ ၀ါယာကြိုးက ၈ ချောင်းပါတာမှန်ပေမယ့် တကယ်တန်း ဒေတာပို.ဆောင်တာက ၄ ကြိုးပဲအလုပ်လုပ်တာပါ။ ဖြူမော်(၁)၊ မော်(၂)၊ ဖြူစိမ်း(၃)၊ ပြာ(၄)၊ ဖြူပြာ(၅)၊ စိမ်း(၆)၊ ဖြူညို(ရ)၊ ညို(၈) ဆိုပြီး အရောင်တွေကို နာပါတ်တွေနဲ. သတ်မှက်ပေးကြည့်ပါ။ တကယ်ဒေတာပို.ဆောင်ဖို. အလုပ်လုပ်တာက ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ပါ။ အဲဒီတော့ ဒေတာပို.တဲ့ ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ကိုပဲ ပြောကြမယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုရင် Transfer + (၁) က အခြားတဖက်က Reserve +(၃) အတွက်အလုပ်လုပ်ပေးပါတယ်။ ဒီဘက်ကလည့် ဒေတာပို. ဟိုဘက် ကလည်း ဒေတာပို.ဆို အဆင်မပြေဘူးလေ။ တဖက် Transfer ဆိုရင် တဖက်က Reserve ဖြစ်သင့်တာပေါ့။
Transfer - (၂) က အခြားတဖက်က Reserve -(၆) အတွက် အလုပ်လုပ်ပေးပါတယ်။ Reserve +(၃) က အခြားတဖက်က Transfer +(၁) အတွက် အလုပ်လုပ်ပေးတယ်။ Reserve -(၆) က အခြား တဖက်က Transfer -(၂) ကိုသွားတယ်။ ဒါဆို ပို.တာနဲ. လက်ခံတာနဲ.မျှသွားပြီ။ ဒါကတော့ Cross Cable ညှပ်တာရဲ့ Theory လေးပါ။






No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။