ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 31 October 2011

တောင်ကြီးမြို့  မြို့ လုံးကျွတ်မဟာဘုံကထိန်ပွဲတော်

2011 ခုနှစ်၊ အောက်တိုဘာလ (14)ရက်
တောင်ကြီးမြို့ တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်ပွဲတော်နှင့်မဟာဘုံကထိန်ပွဲတော်ကို ၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့မှ တန်ဆောင်မုန်းလဆုပ် (၁)ရက်နေ့အထိ၊ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ) ကျင်းပသွားမည်ဖြစ်ပါသည်။ (၆၄)ကြိမ်မြောက် မြို လုံးကျွတ်မဟာဘုံကထိန် ပွဲတော်ကိုမူ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်းလဆုပ်(၁)ရက်နေ့ထိ (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ) ကျင်းပသွားမည်ဖြစ်ပါသည်။
၂၀၁၁ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်နှင့် မဟာဘုံကထိန်ပွဲတော်ကို အောင်မြင်စွာကျင်းပသွားနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ၁၀-၁၀-၂၀၁၁ ရက်စွဲပါစာအမှတ် (၈၈၈)/၄-၈၀၉/အစရ(ရှမ်း) ဖြင့် မြို့လုံးကျွတ်မဟာဘုံကထိန်ကျင်းပရေးကော်မတီကို အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်(၁၀)ရပ်ကို ချမှတ်ပေးခဲ့ပါသည်။ 

ရည်ရွယ်ချက်

ရှေးနှစ်ပေါင်း (၆၀)ကျော်ကပင် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့်အညီ ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားရန်ဖြစ်ပါသည်။
အဓိကအားဖြင့် တောင်ကြီးမြို့ပေါ်နှင့် အေးသာယာ၊ စဉ့်ဟယ်၊ ရွှေညောင်တို့တွင် ကျောင်းတိုက်ပေါင်း (၁၂၉)ကျောင်းရှိသည့်အနက် ကထိန်မခင်းရသေးသည့် ကျောင်းများအား ကထိန်ခင်းနိုင်ရန် ကထိန်သင်္ကန်းနှင့် လှုဖွယ်ပစ္စည်းမစုစုတို့ကို လှုဒါန်းပေးပြီး ကထိန်ခင်းသည့် ကျောင်းများအားလည်း အရံသင်္ကန်းနှင့်တကွ လှုဖွယ်ပစ္စည်းများ အချိုးကျ လှုဒါန်းပေးသွားရန်ဖြစ်ပါသည်။
အောက်ပါပုံတွင်သေးပြီးမမြင်နိုင်ပါက ပုံတွင် click တစ်ချက်နှိပ်ပြီးကြည့်နိုင်ပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။