သေချာသလားဆိုတာတော့ မသိပါဘူး ရဟတ်စီး သလိုရင်ခုန် စရာကာင်းတဲ့အချစ်ကို မခံစားဘူးသေးတာပေါ့ တစ်သက်မှာတစ်ခါတော့ ရဟတ်ကိုစီးဘူးခဲ့တယ် မှတ်မှတ်ရရ တက္ကသိုလ်ကျောင်းသားဘ၀ကပေါ့ မကွေးမြသလွန်ဘုရားပွဲတော် သွားလည်ကြတယ်လေ သူငယ်ချင်းတွေ အနိုင်ကျင့်တာခံလိုက်ရတာပါပဲ ရဟတ်မစီးရင် မခေါ်တော့ဘူး စကားလည်းမပြောဘူး ဆက်ပြီးတော့လည် မလည်တော့ဆိုတာနဲ့ သူတို့အလိုကိုလိုက်ခဲ့မိလိုက်တယ် နှစ်ယောက်နှစ်ယောက်စီ ထိုင်ကြရတယ်မလား ကျွန်တော်ရင်တွေအရမ်း ခုန်နေခဲ့တာပေါ့ တစ်ဖြေးဖြေးနဲ့ ရဟတ်က အရှိန်ရလာချိန်မှာ ကျွန်တော် သေသွားမလားခံစားရတယ် အရမ်းရင်ခုန်ဖို့ ကောင်းပါတယ် ကျွန်တော်အဲဒီလိုမျို နောက်ထပ်ခံစားချင်သေးတယ် ဒါပေမဲ့ ရဟတ်စီးဖို့တော့မဟုတ်ပါဘူး အဲဒီလိုရင်ခုန်စရာကောင်းတဲ့ တကယ့် အချစ်ကို ခံစားရင်ခုန်ကြည့်ချင်တာပါ ကျွန်တော့်အသက်ကို စတေးလို့ပေါ့။ တစ်ချို့လူတွေ ကပြောကြတယ် အချစ်ဆိုတာအလကားပါ နားလည်မှုမရှိရင် ဘာမှအဆင်မပြေဘူးတဲ့ ဒါပေမဲ့ အဲဒီနားလည်မှုဆိုတာ အချစ်မပါပဲ နားလည်မှုဆိုတာ မရနိုင်ဘူးလို့ပြောလို့ရတာ ပဲလေ မုန်းနေတဲ့သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်နေရင် ဘယ်မုန်းကြမှာလည်း ပုံစံအမျိုးမျိုးနဲ့ စိတ်ဝင်စားစရာ အချစ်ဆိုတာရှိရဲ့လား ကျွန်တော်ပြောသလို ရင်ခုန်စရာကောင်းတဲ့အချစ်ဆိုတာကော ရှိမှာပါနော် ထူးခြား ဆန်းပြားလှတဲ့ ရဟတ်စီးသလို ရင်ခုန်စရာကောင်းလှတဲ့ အချစ်မျိုးတွေနဲ့ တစ်ဘ၀စာ ရှင်သန်ကြည့်ချင်သေးပါရဲ့ဗျာ။
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။