Deep Freeze Software 
ဆိုသည်မှာ System Security Software တစ်ခုဖြစ်ပါသည်။ Deep Freeze Software 
ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာကိုမည်သို့အသုံးပြုထားသည်ဖြစ်စေ Restart 
ပေးလိုက်ရုံမျှဖြင့် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေနိုင်ပါသည်။ 
ထို့ကြောင့် မိမိကွန်ပျူတာကို အခြားသူတစ်ဦးမှ အသုံးပြု ၍ Virus 
များဝင်ရောက်ခဲ့ပါက Deep Freeze ကိုအသုံးပြု၍ မူလအခြေအနေသို့ (Virus 
မကူးစက်ခင်) ရောက်ရှိစေနိုင်ပါသည်။ ထို့အပြင် အခြားသူတစ်ဦးမှ 
မိမိကွန်ပျူတာကို အသုံးပြုနေသည့်တိုင် Deep Freeze Software ၏ Password 
ကိုမသိပဲ Software များ Install ပြုလုပ်ခြင်း၊ မိမိကွန်ပျူတာမှ မည်သည့် 
Data များကိုမှ ဖျတ်ဆီး၍မရခြင်း၊ ထပ်မံပေါင်းထည့်၍မရခြင်း 
စသည်တို့ကိုဆောင်ရွက်ပေးနိုင်သည့် Security ကောင်းမွန်သည့ှ်Software 
တစ်ခုဖြစ်ပါသည်။ Deep Freeze Software များအသုံးပြုရာတွင် Deep Freeze 
Administrator Installation၊ Work Station Creation ၊ Work Station 
Installation ဟု၍ အပိုင်း(၃) ပိုင်းရှိပြီး အသုံးပြုသူများအတွက် 
အနည်းငယ်ခက်ခဲသော်လည်း ယခုအသုံးပြုမည့် Deep Freeze Standard Software မှာ 
လွယ်ကူစွာ Install ပြုလုပ်အသုံးပြုနိုင်ခြင်း၊ ကွန်ပျူတာတွင် 
ခွဲခြားထားသည့် Partitions များအ နက် မိမိနှစ်သက်ရာ Partition ကိုရွေးချယ်၍
 Deep Freeze Software ကိုအသုံးပြုနိုင်ခြင်းစသည့် အားသာ ချက်များရှိပါသည်။
 ဥပမာ- ကွန်ပျူတာတွင် Drive D သည် မိမိ၏အရေးကြီး Data များထည့်သွင်းထားပါက 
အဆိုပါ Drive D တွင် Deep Freeze Standard Software 
ကိုအသုံးပြုထားခြင်းဖြင့် ထို Drive ကို Virus ကူး စက်၍ Data 
များပျောက်ဆုံးသည်ဖြစ်စေ၊ အခြားသူတစ်ဦးမှ Data များကို 
ဖျတ်ဆီးလိုက်သည်ဖြစ်စေ Restart ပေးလိုက်ရုံမျှဖြင့် Drive D ၏ 
မူလအနေအထားသို့ပြန်လည်ရောက်ရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် Drive D အ တွင်း 
အခြား Data များပေါင်းထည့်လိုပါက Freeze Standard Software ကို ခေတ္တ 
Disable ပေး၍ ပေါင်း ထည့်နိုင်ပါသည်။
ယခုအသုံးပြုမည့် Deep Freeze Standard 
Software ကို Install ပြုလုပ်ရန်အတွက် exe File ကို Double Click ဖြင့် Run
 ပေးရပါမည်။ ထိုအခါ အောက်ဖော်ပြပါပုံအတိုင်း Deep Freeze Standard 
Software  ကို Install ပြုလုပ်အသုံးပြုမည့် Drive ကိုရွေးချယ်ပေး၍ Install 
ကို Click ပေးရပါမည်။
Install ပြုလုပ်ပြီးသည့်အခါ ကွန်ပျူတာ Restart ကျသွားမည်ဖြစ်ပြီး၊ 
Window ပြန်တတ်လာသည့် အခါတွင် အောက်ဖော်ပြပါပုံအတိုင်း Deep Freeze Icon 
ကိုတွေ့မြင်ရပါမည်။ ထို Icon ကို Shift+Double-Click နှိပ်ရပါမည်။
ထိုအခါ Deep Freeze Software 
ကိုအသုံးပြုရန်အတွက် Password ကိုထည့်သွင်းပေးနိုင်သည်ကို တွေ့မြင်ရပါမည်။ 
ပထမဦးဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည့်အတွက် မည်သည့် Password 
ကိုမျှထည့်သွင်းခြင်း မရှိပဲ OK ကို Click ရပါမည်။
 OK
 ကို Click ပြီးနောက် Password ထည့်သွင်းရန်အတွက် Enter New Password နှင့်
 Confirm Password တို့တွင် မိမိနှစ်သက်ရာ Password 
ကိုထည့်သွင်းနိုင်ပါသည်။
OK
 ကို Click ပြီးနောက် Password ထည့်သွင်းရန်အတွက် Enter New Password နှင့်
 Confirm Password တို့တွင် မိမိနှစ်သက်ရာ Password 
ကိုထည့်သွင်းနိုင်ပါသည်။
Deep Freeze Software ကို Disable 
ပြုလုပ်လိုပါက Boot Control မှ Boot Thawed ကိုရွေးချယ်၍ Apply and Reboot 
ကိုရွေးချယ်ပေးရပါမည်။ ကွန်ပျူတာ Restart ကျသွားမည်ဖြစ်ပြီး Window 
ပြန်တတ်လာ သည့်အခါတွင် Deep Freeze Software Disable 
ဖြစ်နေသည်ကိုတွေ့ရပါမည်။ သို့မဟုတ်ပါကလည်း Boot Thawed on next မှတစ်ဆင့် 
Deep Freeze ကိုအချိန်အတိုင်းအတာတစ်ခုအတွင်းရပ်နားထားပြီး သတ်မှတ် 
ထားသည့်အချိန်ပြည့်ပါက အလိုအလျောက်ပြန်လည် အလုပ် လုပ်စေနိုင်ပါသည်။ Deep 
Freeze Software ကို Uninstall ပြုလုပ်လိုပါက ပထမဦးစွာ Boot Thawed 
ပြုလုပ်ပြီးမှသာ Uninstall ပြုလုပ်နိုင်မည်ဖြစ်ပါသည်။


 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။