DeepFreeze အသုံးပြုခြင်းနှင့် Software
 ကို တင်ပေးပြီးသားဖြစ်ပါတယ် အခုတစ်ခါ DeeFreeze Software password 
မသိတော့လို့ problem ဖြစ်နေသူများအတွက် အကောင်းဆုံးသော DeepFree recover 
လေးဖြစ်ပါတယ် သူများရဲ့ security ကိုဖျက်ဆီးဖို့တင်ပေးလိုက်တာမဟုတ်ပါဘူး 
မိမိကွန်ပျူတာမှာ ကြုံတွေ့လာရင် ဖြေရှင်းဖို့ရည်ရွယ်ပါတယ် ကိုယ်တွေ့မို့ပါ 
ကျွန်တော့်ဆိုင်မှာရှိတဲ့ စက်(3)လုံးက DeepFreeze Password 
ကိုကျွန်တော်ကိုယ်တိုင်မမှတ်မိတော့ဘူးဖြစ်သွားခဲ့တယ် Software 
ကိုပြန်ဖြုတ်လို့လည်းမရ 
လိုအပ်တာတွေကိုလည်းထပ်သွင်းလို့မရဖြစ်ကုန်တော့တာပေါ့ window 
ပြန်တင်ဖို့ကလည်းပျင်းနေတယ်လေ ဒါလေးတစ်ခုအတွက်နဲ့ Window 
တင်ရမယ်ဆိုပြန်တော့လည်းခက်သားဗျ ဒါလေးဆိုပေမဲ့ 
အခုကျွန်တော်တင်ပေးလိုက်တဲ့ဟာလေးမတွေ့ဘူးဆိုရင်ပျင်းနေလည်း window 
ကတင်ရတော့မှာပဲလေ ဒီလိုမျိုးဖြစ်နေလျှင်သုံးဖို့အတွက်တင်ပေးလိုက်ပါတယ် 
အသုံးပြုနည်းကတော့လွယ်ပါတယ် ကျွန်တော်တင်ပေးထားတာကိုဒေါင်းလုပ်လုပ်လိုက်ပါ 
winRaR ဖိုင်တစ်ခုရပါမယ် အဲဒါကိုဖြေလိုက်ပါ Folder တစ်ခုကိုတွေ့ပါမယ် 
အဲဒီထဲမှာ File သုံးခုရှိနေမယ် DeepFreeze rocover ဆိုတာကိုဖွင့်လိုက်ပါ 
cHANGE 1T ကိုပထမှနှိပ်လိုက်ပါ နောက်ထပ် Ok ကိုနှိပ်လိုက်ပါ ဒါဆို 
DeepFreeze Software စသွင်းသွင်းခြင်းပုံစံအတိုင်းဖြစ်သွားပါပြီ 
ကွန်ပျူတာညာဘက်အောက်ဒေါင့်မှာရှိတဲ့ ၀က်ပုံလေးကို Shif နှိပ်ထားပြီး double
 click နှိပ်လိုက်ပါ ဘာ password မှမထည့်ပဲ ok ကိုသာနှိပ်လိုက်ပါ 
ကိုယ်ဆင်ပြေတဲ့ passwork 
ကိုပြန်ထဲ့ပြီးသုံးလို့ရပါပြီဗျာ။ဒီထက်အဆင်ပြေမဲ့နည်းလမ်းလေးရှိရင်လည်း 
ကွန်မန်းပေးသွားဖို့မမေ့ပါနဲ့နော်....ကျေးဇူးတင်စွာဖြင့်
 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။