ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 12 October 2009

ငါ


ရည်ရွယ်ချက်မဲ့ ..ငါ့အတွေးတွေေ၀၀ါးခဲ့
အားအင်းချိနဲ့အတောင်ပံတစ်စုံကိုဖြန့်ကျက်ရင်းနဲ့
ငါလေလွင့်ခဲ့တယ်
ထင်ရာစိုင်း ငါ့စိတ်ကိုအရိုင်းတွင်းမိချိန်
နေ့ရော ညပါ အချိန်တွေကုန်
ငါ့ အနာဂတ်ကိုမျှော်နေမိခဲ့တာလေ…

အရှုံးတွေကိုရင်မှာပိုက်ပြီး
အိမ်ပြန်လမ်းကိုလဲငေးခဲ့ဘူးတယ်
ဘယ်ကစရမလဲဆိုတဲ့ဘ၀ကိုလဲ စိတ်နာခဲ့ဘူးတာပေါ့

တစ်စုံတစ်ရာကြောင့်…
ရင်ဘက်မှာလဲ ဒဏ်ရာတွေဗလပွနဲ့….
ဝေးလွင့်ခြင်းကို လွမ်းနေရင်း …
အိပ်စက်ခဲ့ရတဲ့ညတွေကလဲများခဲ့လေပြီ

စိတ်ကူးတာရှိခဲ့တယ်..
ထိပ်ဖူးမရှိတဲ့သေနက်တစ်လက်ကိုင်ပြီး
ပစ်မှတ်ကိုလဲမှန်ချင်ခဲ့သေး

အရာအားလုံးစာရင်းပေါင်းတော့
အဓိပါယ်မဲ့ နောင်တ ဆိုတဲ့
ခတ်ဆစ်ကိုလဲပိုင်ဆိုင်ခဲ့ဘူးတာပေါ့

နောင်တ = ပြုသင့်သည်ကိုမပြုမိ..မပြုသင့်သည်ကိုပြုမိသည့်အတွက်အချိန်လွန်မှပူပန်ခြင်း..။




No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။