ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 18 October 2009

မီးပုံးပျံသတင်းနှင့်ပုံများ

အားလုံးမင်္ဂလားပါဗျာ..
17-10-2009 / မြန်မာသက္ကရာဇ် ၁၃၇၁ - ခု သီတင်းကျွတ်လကွယ် နေ့တွင် ကျင်းပခဲ့သော
မီးပဒေသာလှည့် မီးပုံပျံလွှတ်ပွဲဖြစ်ပါတယ် တည်နေရာကတာ့ ရှမ်းပြည်နယ်တောင်ပိုင်း -
တောင်ကြီးမြို့ ..ရေအေးကွင်းရပ် အေးစေတီဘုန်းတော်ကြီးကျောင်းတွင်ဖြစ်ပါတယ်....








































တိုင်းရင်းသားများရဲ့ရိုးရာလဲဖြစ်သလို ဗုဒ္ဒမြတ်စွာဘုရားအားမီးပူဇော်ခြင်းလဲဖြစ်ပါတယ်..
ထိုနည်းတူစွာ လူငယ်များရဲ့ဟန်အမူရာများကိုလည်းပုံနှင့်တကွတွေ့ရှိရမည်ဖြစ်ပါတယ်ဗျာ..
မီးပုံးပျံအားစတင်မလွှတ်ခင်တွင် ရပ်ကွက်အလိုက်တိုင်းရင်းသူ(ရှမ်း-ပအိုဝ်-) မိန်းမပျိုလေးများက မီးပုံး
လေးများကိုင်ကာလမ်းမတစ်လျှောက်မှ အေးစေတီဘုန်းတော်ကြီးကျောင်းသို့သွားရောက်လှည့်ပတ်ပူဇော်
ကြပါတယ် အဲဒီနောက်မှာတော့ လူငယ်များတာဆူနေသော မီးပုံပျံများစတင်လွှတ်ကြပါတော့တယ်..
ကျတော်မှတ်တမ်းရိုက်ရှိခဲ့သော မီးပုံးပျံလေးများပါ..တကယ်တော့အားလုံး အလုံးရေ(20)၀န်းကျင်ရှိပါတယ်
မီးပုံးပျံတွင်တပ်ဆင်သောယမ်းတွဲကြီးများနှင့်အားလုံးပူးတွဲဖေါ်ပြလိုက်ပါတယ်...ကျတော် မှတ်သားခဲ့တဲ့
မီးပုံးပျံနာမည်လေးများကတော့..ကျွဲရိုင်းမီး ၊ ဆောင်းပျော်မီး ၊ ချာတိတ်မီး ၊ ကျားရိုင်းမီး ၊ လူပျော်မီး ၊
ခွပ်ပျောက်မီး ၊ မျှော်စင်မီး ၊ ကျွဲအိုမီး ၊ စိမ်းကားမီး ၊ ဘဲအိုမီး ၊ ခွက်ပုန်းမီး ၊ ဂေါက်ကြောင်မီး ၊ kaung hto ၊
ဝါးစိမ်းမီး ၊ စေဂျိုမီး ၊ ခမ်းကောင်မီး ၊ နှင့် လိမ်ပြာမီးများဖြစ်ကြပါတယ်..အမြဲမပျက်လွင့်တင်ခဲ့သောပုံများကိုဖော်ပြလိုခြင်း
ဖြစ်ပါတယ်ဗျာ..တောင်ကြီးသူ တောင်ကြီးသားများအတွက်အမှတ်တရမှတ်တိုင်လေးတစ်ခုဆိုရင်လဲမမှားဘူးပေါ့ဗျာ...
အားလုံးကိုလေးစားလျှက်
်....

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။