ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 8 October 2009

ခေါင်းဆောင်နှင့်ခေါင်းရှောင်

ခေါင်းဆောင်နှင့် ခေါင်းရှောင်

ခေါင်းဆောင်တစ်ယောက်ရဲ့အရည်းအချင်းမှာ -
၁။ ရဲရင့်ခြင်း

၂။ ညှာတာထောက်ထားခြင်း

၃။ သဘောတရားပြည့်ဝခြင်း

၎။ နောက်လိုက်ကို တာဝန်ယူခြင်း

၅။ လုံ့လ ၀ီရိယရှိခြင်း

၆။ သမာဓိရှိပြီး အမြှောက်အပင့်ကိုလည်း ရှောင်ရှားနိုင်ခြင်း စသည်တို့ပင်ဖြစ်ပါသည် ။

ခေါင်းရှောင်ဆိုသည်ကတော့ -

ဋ္ဌာနဆိုင်ရာ အကြီးကဲလေး ဖြစ်လာသည်နှင့် လက်အောက်ငယ်သားများကို အပြစ်ရှာပြီး ဟိန်းလားဟောက်လား
လုပ်တက်သည်။

လက်အောက်ငယ်သားတစ်စုံတစ်ခု အမှားအယွင်းဖြစ်လျှင် တာဝန်ယူနိုင်ခြင်းမရှိပဲ ချောက်ထဲတွန်းချတက်သည်။

လက်အောက်ငယ်သားအား ညှာတာခြင်းကင်းပြီး အမြဲတမ်း အပြစ်တင်လေ့ရှိသည်။

သည်းခံနိုင်စွမ်းလဲမရှိ ၊ လုပ်ရဲကိုင်ရဲသော သတိလည်း မရှိပေ ။

ပြသာ နာပေါ်လျှင် ခေါင်းမခံရဲ ၊ ခေါင်းရှောင်တက်သည် ။

သမာဓိ မရှိပဲ လက်အောက်ငယ်သား၏ အလိုလိုက်အကြိုက်ဆောင်ကာ မြှောက်ပင့်ပြီးတပည့်ခံခြင်းကိုမသိ ။

လက်အောက်ငယ်သားများ၏ အကြံပြုချက်ကို လက်မခံပဲ မလေးမစား ဆရာလုပ်သည်ဟု ထင်တက်သည် ။

ထိုသို့ အမှားအမှန်ကိုမျှ မဝေဖန် မပိုင်းခြားနိုင်သောခေါင်းဆောင်များသည် ခေါင်းရှောင်များပင်ဖြစ်တက်
ကြပါသည် ။……………

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။