ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 12 October 2009

လူနှင့်သစ်ပင်

ဂျွန်ကားဝုဒ် အမည်ရှိလူတစ်ဦးက လူသည် သစ်ပင်နှင့်တူသည်ဟုဆိုခဲ့ပါတယ်
ထိုလူ၏ပြောဆိုချက်သည်အလွန်မှန်ကန်လှပါတယ်..မည်မျှမှန်ကန်သည်ကို အ
သက်ကြီးလာသောခါမှသာလျှင် ပိုမိုသိရှိလာပေလိမ့်မည်ကမ္ဘာပေါ်တွင် ပေါက်
ရောက်နေသောသစ်ပင်အမျိုးမျိုးရှိတယ် အချို့သစ်ပင်များဟာရွှံ့သဲများတွင်.....
ပေါက်ရောက်ပြီးအချို့သစ်ပင်များသည်မြေသြဇာကောင်းသောနေရာတွင်သာပေါက်
ပါတယ် အချို့မှာတစ်ပင်စီ ထီးတည်းပေါက်ပြီး အချို့မှာအခြားသောသစ် ပင်များကိုမှီ
ခိုတွယ်ကပ်ရပ်ပြီးပေါက်တက်ကြပါတယ်..အချို့မှာဆေးဘက်ဝင်ပြီးအချို့မှာတောအဆိပ်
ဖြစ်စေတက်ပါတယ် အချို့မှာအသီးသီးပြီး အချို့မှာအသီးမသီးပါဘူးဗျာ ...။
သစ်ပင်များကဲ့သို့လူအမျိုးမျိုးကွဲပြားခြားနားလျှက်ရှိပါတယ် အချို့မှာ နိမ့်ကျသောနေရာ
များမှာနေတက်ပြီးအချို့မှာမြင့်မြတ်သောနေရာတွင်နေကြပါတယ်..အချို့မှာမိမိကိုယ်မိမိ
အားကိုးပြီးအချို့မှာသူတစ်ပါးကိုကပ်ရပ်မှီခိုနေတက်ကြပါတယ်ဗျာ..။တစ်ချို့ကတော့တန်
ဖိုးရှိပြီး တစ်ချို့မှာစာရိတ္တပျက်စီးလျှက်ရှိနေကြပါတယ် အချို့သောလူတွေမှာရှိနေပါတယ်
အခြွေ ရံတွေပေါများပါတယ် တစ်ချို့တော့မရှိပါဘူးလူပျင်းလူညံ့ဘ၀တွင်နေထိုင်ကြပါတယ်
အထက်တန်းစားလူ အေက်တန်းစားလူစသည်ဖြင့်လူတစ်ဦးနှင့်တစ်ဦးမည်မျှကွာခြားသည်
ကိုငယ်စဉ်ကကောင်းစွာမသိခဲ့ရပေ တဖြေးဖြေးအသက်ကြီးလာမှလူခြင်းကွာခြားကြောင်းသိ
ရှိနားလည်တက်ခဲ့ပါတယ်
အချို့လူများသည်အမေမွေးသည့်တိုင်တစ်စုံတစ်ရာပြောင်းလဲမှုမရှိဘဲသေဆုံးပျောက်ကွယ်
သွားကြရတယ်လူဦးရေအနည်းငယ်လောက်သာအမေမွေးပေးသည့်အခြေနေထက်လွန်ကဲ
သောအထက်တန်းစားဘ၀ကိုရောက်ရှိနေကြတာပါ..
မွေးလာသည့်အချိန်ကစပြီးသေသည်ထိအပြောင်းလဲမရှိ ရှိသမျှရသမျှနှင့်တင်းတိမ်နေတက်
သူသည်သစ်ပင်နဲ့တူလေသည်။လူနှင့်သစ်ပင်တို့မှာအစစအရာရာတူညီသော်လဲခြားနားချက်
တစ်ချက်ရှိလေတယ် ခြားနားချက်မှာလူသည်မိမိအဆင့်တန်းကိုတိုးတက်အောင်ပြုလုပ်နိုင်ပြီး
သစ်ပင်သည်သဘာဝကပေးထားသည်ထက်ပိုမိုမပြုလုပ်တက်ခြင်းဖြစ်ပါတယ်..ဒါကြောင့်လူတိုင်း
အမေမွေထားသည့်အခြေနေထက်ပိုမိတိုးတက်အောင်ကြိုးစားရပါမယ်..သို့မဟုတ်ပါက
သစ်ပင်ဘ၀သို့ရောက်ရှိသွားပါမယ်....။။။။။။။။။။။။။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။