ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Saturday 31 May 2014

တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်းဖြစ်သည်ဟုအမျိုးသား


တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်းဖြစ်သည်ဟုအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော်ကိုယ်စားလှယ်တွေ သဘောတူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ ရှိသလိုဖြစ်နေတယ်''ဟု ၄င်းက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ခေတ္တခဏနားချိန် သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးပြည်သူဆန္ဒလက်မှတ်ရေးထိုးရေး လူပ်ရှားမူဟောပြောပွဲများတွင် တပ်မတော်အပေါ် ပြောကြားချက်များနင့် ပတ်သတ်၍လည်း ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးကို တပ်မတော်မှ ယူထားသည့်အတွက် ဖိအားပေးရခြင်း ဖြစ်ကြောင်း အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဒါကတော့ ဖိအားပေးရမှာပဲ ဖိအားပေးတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူး ဖိအား မပေးလို့ လဲ မရဘူး တပ်မတော်က ဒီတာဝန်ယူထားတာကိုး တကယ်တော့ ဒါအခွင့်အရေးပါ တပ်မတော်က ဒါကို ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကိုယူထားတာကိုး အဲဒီတော့ အခွင့်အရေးယူထားတဲ့ အဖွဲ့ အစည်းကိုပဲ တိုက်တွန်းရမှာပေါ့"ဟု ၄င်းကထပ်မံဆိုသည်။
တပ်မတော်၏ ဆုံးဖြတ်ချက်သာ ချမှတ်မည်ဆိုပါက တစ်ရက်ထဲနှင့် ပြောင်းလို့ရမည်ဖြစ်ပြီး တပ်မတော်ကဆုံးဖြတ်ချက်သာအဓိကကျသည်ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။

ခရီးသည် Credit To: Popular Myanmar News Journal

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။