ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 11 May 2014

ထိရောက်စွာ မဖြေရှင်းပေးသရွေ့ သပိတ်စခန်း ဖွင့်သွားမည်ဟု Star Tex အထည်ချုပ် လုပ်သားများဆို


ရန်ကုန်၊ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန် အမှတ် (၂) ၌ သုံးရက်ကြာ သပိတ်စခန်း ဖွင့်လှစ် ဆန္ဒထုတ်ဖော်နေသော Star Tex အထည်ချုပ်စက်ရုံ လုပ်သား ၁၈၀ ကျော်က ၎င်းတို့ တောင်းဆိုသော အချက်ကို ခုံသမာဓိ ကောင်စီနှင့် မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးမှ ထိရောက်စွာ မဖြေရှင်းပေးသရွေ့ သပိတ်စခန်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရသည်။

စက်ရုံ လုပ်သားများကို ကြမ်းတမ်း မောက်မာစွာ ပြောဆိုသော လုပ်သား ကြီးကြပ်ရေးမှူးကို အလုပ်မှ ထုတ်ပယ်ပေးရန် ဧပြီလ ၁ရက်နေ့တွင် စတင် ဆန္ဒပြ တောင်းဆိုခဲ့ရာ ရွှေပြည်သာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးတွင် အလုပ်ရှင်နှင့် ညှိနှိုင်းမှုကို ဧပြီလအတွင်း လေးကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်ခြင်း မရှိသည့်အတွက် ဧပြီလ ၃၀ ရက်နေ့တွင် ခုံသမာဓိ ကောင်စီသို့ တင်ပြခဲ့ရာ ခုံသမာဓိ ကောင်စီက မေလ ၈ ရက်နေ့တွင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးသို့ ပြန်လည် လွှဲပေးသည့်အတွက် ယခုကဲ့သို့ သပိတ်စခန်းဖွင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြလုပ်သား တစ်ဦးဖြစ်သူ ဒေါ်ဝင်းဝင်းအေးက ပြောကြားသည်။
“တောင်းဆိုတာ တစ်ခုတည်းပါ။ သူ့ကို မထုတ်ရင် အလုပ်သမား ၁၈၀ ကို ထုတ်ပေးဖို့ ပြောထားတာပါ” ဟု ဒေါ်ဝင်းဝင်းအေးက ပြောကြားသည်။

ယခုကိစ္စတွင် ထိရောက်စွာ ဖြေရှင်းနိုင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အဆင့်နှင့် ညှိနှိုင်း၍ အဆင်မပြေသောကြောင့် ခုံသမာကောင်စီကို လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ခုံသမာဓိ ကောင်စီက ပြန်လွှဲခြင်းမှာလည်း အလုပ်ရှင်၏ ကိစ္စသာ ဖြစ်သောကြောင့် ပြန်လွှဲပေးလိုက်ခြင်း ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။