အဲဒီဒေသမှာ စာသင်ကျောင်း ဖွင့်ပွဲတက်ဖို့  မနေ့ကလာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့  လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။
"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်းကြေးနီ စီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့ အရေးကိုလည်း ဖြေရှင်းပေး ဖို့ပေါ့နော် ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆောင်ပုဒ်ကိုင်ဆောင်ပြီးတော့ ဝန်ကြီးလာမဲ့လမ်းကနေ တင်ပြတာပေါ့"
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်ကိုလဲ ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကိုကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့  စားဝတ်နေရေး ကြပ်တည်းနေပြီဆိုတဲ့အကြောင်းလိုက်ကြည့်ဖို့  လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိကမိန့် ပါတယ်။
"စစ်ကိုင်းတိုင်းဝန်ကြီးတစ်ယောက်က သူကဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေသိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါအုံး ဆိုပြီးတော့ ဆွဲခေါ်တယ်"
အဲဒီနောက် ရွာသားတွေရဲ့ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
RFA Burmese
Credit- thithtoolwin.com 




 
  
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။