ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 27 June 2014

တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲ ရှမ်းပြည်နယ် တောင်ကြီးမြို့။

၂၆.၆.၂၀၁၄ နေ့လည် (၁)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲစည်းတို့ ဦးစီးကျင်းပသော
တောင်သူလယ်သမားများ နှီးနှောဖလှယ်ပွဲနှင့် လယ်ဟာမြေ ဥပဒေရှင်းလင်းပွဲကို ရှမ်း စာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပခဲ့ပါသည်။
ပွဲဖြစ်မြောက်ရေး ပူပေါင်းအဖွဲ့ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့စည် (ရှမ်းပြည်နယ်)တာဝန်ခံ ဦးနေမျိုးမှ ပူးပေါင်းကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဥပဒေ ပညာရှင် ဒေါက်တာ သောင်းထွန်းမှ ဟောပြောဆွေးနွေးခြင်း ဥပဒေပညာရှင် ဦးမျိုးမှ ဟောပြော ဆွေးနွေးခြင်း
ဆရာဦးကိုနီမှ တောင်သူလယ်သမားအခွင့်ရေးနှင့် လယ်ယာမြေ ဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း ဥပဒေ ပညာရှင် ဒေါ်မြမဉ္ဇူမှ လယ်ယာမြေဥပဒေ သိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးခြင်း တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းခြင်းအတွက် ဦဝင်းရှိန်မြတ်မှ ဆွေးနွေးတင်ပြခြင်း လယ်ယာမြေ လုပ်ကိုင်လျောက်ထားခြင်းအတွက် ဦဝင်းနိုင်စိုးမ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ ကြောင်းသိရှိခဲ့ရပါတယ။်

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။