ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 26 June 2014

ဘင်္ဂလီဟု အခေါ်ခံရ၍ ဘင်္ဂလီကျောင်းသားတွေ ဆန္ဒပြ

  ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ငါးခူရကျေးရွာ အထက ကျောင်းမှာ  ဇွန်လ - ၂၅ - ၂၀၁၄ ရက်နေ့ က  ဘင်္ဂလီကျောင်းသား ၆၇ ဦး ကျောင်းမတက်ပဲ ဆန္ဒပြခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိ ပါတယ်။

 အဆိုပါ ကျောင်း အဌမတန်း အတန်းပိုင်း ဆရာမ ဒေါ်ခင်ခင်စိုး က စာသင်ကြားနေစဉ် ကျောင်းသားများ အား " အချိန်ပြည့်ကျောင်းတက်ရန် ၊ တ၀က်တပျက် ကျောင်းတက်တာမျိုး မပြုလုပ်ရန် ၊ ဒီလိုပြောရတာ ရခိုင် / ဗမာ / ဘင်္ဂလီ / ဟိန္ဒူ ကျောင်းသား ဆိုပြီ ခွဲခြားပြောဆိုခြင်း မဟုတ်ကြောင်း ၊ ကျောင်းသား အားလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း " ကျောင်းသားတွေကို သတိပေး ပြောဆိုခဲ့ပါတယ်။

ဆရာမရဲ့ ဆုံးမပြောဆိုမှုအပေါ်မှာ အထက်ပြူးမ ကျေးရွာနေ အဌမတန်းကျောင်းသား မောင်အောင်လွင်က " ဘင်္ဂလီဟု မသုံးစွဲရန်နှင့် ၄င်းသည် ရိုဟင်ဂျာ ဖြစ်ကြောင်း" ပြောဆိုပြီး နေအိမ်သို့ ပြန်ရန် ပြင်ဆင်ခဲ့ရာ ၊ ဆရမ ဒေါ်ခင်ခင်စိုးမှ ကျောင်းရုံးသို့ ခေါ်၍ မိမိသဘော အလျှောက် ကျောင်းမှ နေအိမ်သို့ ပြန်ခြင်း ဖြစ်ကြောင်း ဗလာစာအုပ်တွင် ၀န်ခံချက် စာရေးခိုင်းရာ မောင်အောင်လွင်မှ " မောင်အောင်လွင်၏(ဖ)ရှူနာများ၊ အထက်ပြူးမရွာနေ၊ လူမျိုးရိုဟင်ဂျာ၊ ကျနော် ဘင်္ဂလီ မဟုတ်ပါ၊ ရိုဟင်ဂျာ မှန်ကန်ဟု ခေါ်သည်  ၂၅-၆-၂၀၁၄ လက်မှတ်ထိုး " စာအုပ်တွင် ရေးသားခဲ့ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ နေ့  နေ့ လည် ၁ နာရီခွဲ မုန့် စားကျောင်းဆင်းချိန်မှာ ကျောင်းဝန်းအတွင်း မောင်အောင်လွင်ပါ အဌမတန်း ဘင်္ဂလီကျောင်းသား ၆၇ ဦးနှင့် ရခိုင်ကျောင်းသား ၃ ဦး ရှိနေပေမယ့် ၊ နေ့ လည် ၂ နာရီ ကျောင်းပြန်တက်ချိန်မှာ ဘင်္ဂလီ ကျောင်းသား ၆၇ ဦး ကျောင်းပြန်လည် တက်ရောက်ခြင်း မရှိတော့ဘဲ နေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရပါတယ်။

Credit: thithtoolwin.com

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။