ကျနော်လို့ အိမ်မှာ တစ်ယောက်တည်းချက်စားဖြစ်တဲ့လူတွေအတွက် နည်းလမ်းလေးတွေလိုတယ်လေ :D
|  | 
| အမဲသားပြုပ်ပြန်ကြော် ကြွတ်ကြွတ်လေး 
မာမာတစ်ယောက် ကွန်ပြူတာလေးပျက်လို့ 
ဘလော့ဆီမ၀င်ဖြစ်ခဲ့တာတော်တော်ကြာခဲ့ပါပြီ ရွှေစိတ်တော်တွေများ 
ဆိုးနေကြပြီလားမသိပါဘူးနော် ဒီနေ့တော့ ဖုန်းကိုသုံးပြီး 
မဖြစ်မနေကိုယ့်ဘလော့လေးဆီကို အတင်းမရ ရအောင်ဝင်ခဲ့ပါတယ်။ 
ရွှေစိတ်တော်တွေမဆိုးကြပါနဲ့ ခွင့်လွှတ်တော်မူကြပါလို့သာ ပြောချင်ပါတော့တယ် 
ကွန်ပြူတာပြင်ပေးတဲ့ သားကလဲအနားမှာမရှိတော့ မာမာတစ်ယောက် 
ဘလော့မှာဟင်းတွေတင်ချင်ပေမဲ့ တင်မရတော့ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့ရှင်။ 
ဒီဟင်းလေးက ချက်ထားတာကြာပါပြီ ဟင်းအဟောင်းလေးတွေနဲ့အကျွေးလာဆပ်တယ်ပေါ့နော် 
ချက်ရတာလွယ်ပြီး တာရှည်ထားခံအစားခံတဲ့ အမဲသားပြုပ်ပြန်ကြော်လေးပါ မာမာ 
ချက်နည်းလေးပြောပြချင်ပါတယ်။ 
ပထမဆုံးအမဲသား မိုးခိုသားကို အတုံးလိုက်ရေစင်အောင်ဆေးပြီး 
အနေတော်အတုံးလေးတွေတုံးပါမယ် ပြီးရင် ဆား နနွင်း ချင်း 
အရသာမှုန့်တို့နဲ့နယ်ပါမယ် 
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ စောက်နက်နက်အိုးတစ်လုံးထဲအမဲသားကိုထည့် ရေမြုပ်အောင်ထဲ့ကာ ရေခမ်းတဲ့အထိတည်ပေးပါတယ်။ 
ရေခမ်းပြီဆိုတာနဲ့အအေးခံကာ ချင်းပြားများဖယ်ကာ ခပ်ပါးပါးလေးတွေတုံးပေးပါ 
ကြက်သွန်နီကို ပါးပါးလှီးထားပါ အမဲသားကို 
မီးအနေတော်နဲ့ ကြွတ်ရွလာအောင်ကြော်ပေးပါ ကြွတ်လာပြီဆိုတာနဲ့ဆယ်ပြီးဆီစစ်ပေးထားပါ။ 
ကြက်သွန်နီကို အမဲသားကြော်ထားတဲ့ဆီနဲ့ ကြော်ပေးပါ အရမ်းမကြွတ်ခင်လေးမှာ 
ဆယ်ပြီးဆီစစ်ပေးထားပါ ၂ခုလုံးအေးသွားတာနဲ့ရောမွှေပြီး 
စားသုံးရန်အဆင်သင့်ဖြစ်ပါပြီ။ 
ပါဝင်တာလေးတွေကတော့ 
 ခရီးသည် Credit : http://mmlazp.blogspot.com | 
 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။