ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 2 July 2014

သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်

သိမ်းဆည်းလယ်ယာမြေများပြန် လည်ရလိုမှု ဆန္ဒဖော်ထုတ်ပွဲအား တောင်ကြီးမြို့နယ်ရွှေညောင်၊ ဟက်ကယ်၊ ကွန်လုံ၊ ကျောက်နီကျေးရွာအုပ်စုမှ ဦးတင်ရွှေ (NLD)ဦးပေါ်၊ ဦးသန်းဝင်းခေါင်းဆောင်ကာ အင်အား (၁၀၀)ခန့်ဖြင့် ရွှေညောင်မြို့မော်ဒန်လက်ဖက်ရည်ဆိုင်မှ စုရပ်အဖြစ် (၁.၇.၂၀၁၄)ရက် နံနက်
(၇း၀၀)နာရီအချိန်မှစတင်ပြီးခြေလျင် လမ်းလျှောက်ကာ ဆိုင်းဘုတ်များကိုင်ပြီး ကြွေးကြော်သံများဖြင့်  ရွှေညောင်ဘောလုံးအားကစားကွင်းသို့ စီတန်း လှည့်လည်ဆန္ဒထုတ်ဖော်ကြပြီး (၈း၂၅)အချိန်တွင်ရွှေညောင်မှ အေးသာယာ စက်မှုဇုန်သို့ မော်တော်ယာဉ် (၃)စီးဖြင့်ဆက်လက်ထွက်ခွာပြီး (၈း၄၅)အချိန်တွင် စက်မှုဇုန်မှ ဆနပြတောင်သူ (၁၅)ဦးခန့်လာရောက် ပူးပေါင်းပြီး စက်မှုဇုန်ခန်းမနှင့် အေးသာယာ(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အင်အား(၁၁၅)ဦးဖြင့် စီတန်းလှည့်လည်ဆနထုတ်ဖော်ကြပါသည်။ ဆက်လက်ပြီး (၉း၃၀)အချိန်တွင် မော်တော်ယာဉ်(၃)စီးဖြင့် တောင်ကြီးမြို့သို့ ဆနဆက်လက်ဖော်ထုတ်ရန်အတွက် ထွက်ခွာလာရာ တောင်ကြီးမြို့အ၀င် မြေပုံဆိုင်းဘုတ်သို့ (၁၀း၃၀)အချိန် ရောက်ရှိလာပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အိတ်ဖွင့်ပေးစာအားဦးတင်ရွှေ (NLD) မှ သွားရောက်ပေးအပ်ပြီး မြေပုံဂိတ်မှ စတင်လမ်းလျှောက် စီတန်းလှည့်လည်ကာ ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များဖြင့် အနောက်မြို့ပတ်လမ်းမှတဆင့် ညောင်ဖြူစခန်းရပ်ကွက်၊ ပတမြားလမ်း၊ ရွှေညောင်ပင်လမ်းမှတဆင့် အရှေ့မြို့ပတ်လမ်းအတိုင်းစီတန်းလှည့်လည်ပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အရှေ့ဘက်တွင် စုရပ်အဖြစ်
(၁၁း၅၀)အချိန်ရောက်ရှိလာရာ ရှမ်းပြည်နယ်လွှတ်တော်ဥကဌနှင့် ၀န်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ ဦးတင်ရွှေ(NLD) မှ သွားရောက်ပေးအပ်ပြီး ထိုစုရပ်တွင် မြေယာသိမ်းဆည်းခံရမှုအား ဦးတင်ရွှေ (NLD)၊ ဦးပေါ်တို့မှ ဟောပြောပြီး (၁၂း၄၀)အချိန်တွင် နိုင်ငံတော်သီချင်းနှင့် ကြွေးကြော်သံများ (၃)ကြိမ်သီဆိုကာ
ဆနထုတ်ဖော်ပွဲကို ရုပ်သိမ်းလိုက်ပါသည်။
သတင်းပေးပို့သူ (Than htoo TGI)


No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။