ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 21 July 2014

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တာဝန်မှရပ်စဲခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့် ဆန္ဒထုတ်ဖော်ပြသခြင်း

တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်အား (၁၂.၆.၂၀၁၄)ရက်နေ့မှ စပြီး တာဝန်မှရပ်စဲလိုက်ခြင်းကြောင့် လည်းကောင်းကို ထောက်ခံသူများမှ မြို့နယ်မှမတရားဆောင်ရွက်သည်ဟု ယူဆပြီး (၂၁.၇.၂၀၁၄)ရက်နေ့ ဆန္ဒထုတ်ဖော်ပြသရာ နံနက်(၇)နာရီအချိန် ကျေးရွာတွင် ခေတ္တဆန္ဒပြပြီး ဟက်ကယ်ကျေးရွာသို့ မော်တော်ယာဉ်(၆)စီးဖြင့် စတင်ထွက်ခွာပြီး ဟက်ကယ်ကျေးရွာတွင် အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်(၂)စီးဖြင့် ပူးပေါင်းပြီး ရွှေညောင်တွင် ထပ်မံပြီး မော်တော်ယာဉ်(၃)စီး စုစုပေါင်းမော်တော်ယာဉ် (၁၁)စီး လူအင်အား (315)ဦးခန့်ဖြင့် တောင်ကြီးမြို့သို့ ထွက်ခွာလာရာ ပြည်နယ်အားကစားကွင်းရှေ့သို့ (၀၉း၄၅)နာရီအချိန် ရောက်ရှိလာပြီး မိုင်းသော်ရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်အား ပြန်လည်ခန့်ထားရေးနှင့် တောင်နီကျေးရွာ လျှပ်စစ်မီးသွယ်တန်းရေးတွင် ဘဏ္ဍာငွေအလွှဲသုံးစားမှု ပြန်လည်စီစစ်ပေးရေး ဆိုင်းဘုတ်အားကိုင်ဆောင်ပြီး ရုံးကြီးလမ်းနှင့် ကလေးဆေးရုံလမ်းထောင့်အထိ စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ပြီး နံနက်(၁၀း၅၁)အချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးလှသော်သည် (၂၀၀၇)ခုနှစ်မှစပြီး ယနေ့အချိန်ထိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဌ၊ (ရ.ယ.က)ဥက္ကဌ အဖြစ်နှင့် ယခုတာဝန်မှရပ်စဲလိုက်သည့် အချိန်ထိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်ထက်အထိ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးအစုရှယ်ယာဝင်များ၏ အများပိုင် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်း(၁၁၆၀) သိန်းတစ်ထောင့်တစ်ရာ့ခြောက်ဆယ်
ကျပ် ကွာဟမှုနှင့် စာရင်းရှင်းတမ်းစာအုပ်ထွက်ပြီး ထပ်မံလျှပ်စစ်မီးအစုရှယ်ဝင်သည့် ငွေများ (၂၀၁၄)ခုနှစ်အထိ ခန့်မှန်းငွေကျပ် သိန်း(၂၀၀၀) ကျော် ကွာဟမှုနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များအရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး( ဟောင်း) ဦးလှသော်သည် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးငွေများအား ရုံးလုပ်ငန်းနှင့်အညီ ကော်မတီများဖွဲ့စည်းပြီး စနစ်တကျထားရှိသုံးစွဲမှုမရှိခြင်း၊ အများပြည်သူအစုရှယ်ယာရှင်များအား ပွင့်လင်းမြင်သာစွာ ချပြမှုမရှိခြင်းတို့ကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၄.၆.၂၀၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၅)အရ မိုင်းသော်အရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှသော်အား (၁၂.၆.၂၀၁၄)ရက်နေ့မှစပြီး တာဝန်မှရပ်စဲလိုက်ခြင်းကြောင့် လည်းကောင်းကို ထောက်ခံသူများမှ မြို့နယ်က မတရားဆောင်ရွက်သည်ဟု ယူဆပြီး ဆန္ဒထုတ်ဖော်ပြသခြင်းဖြစ်သည်ဟု သိရှိရပါသည်။


သတင်း ဓါတ်ပုံBlogger
 
 

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။