ရှမ်းပြည်နယ်(တောင်ပိုင်း)
 ပြည်ခိုင်ဖြိုးပါတီမှ (၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို 
ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ဇူလိုင်(၁၉)ရက်နေ့ နံနက်(၆)နာရီ 
အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော 
အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး ဘုရားအမှူးရှိသော သံဃာတော်များအား 
နံနက် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
၊ ၀ါဆိုသင်္ကန်းနှင့် 
လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခြင်း၊ စသည့် ကောင်းမှုကုသိုလ်တို့ကို 
ပြုလုပ်ကြပါသည်။ ရှေးဦးစွာ ဆရာတော် သံဃာတော်များအား 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး 
ဦးစိုင်းဆာလူ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး 
ဦးစိုင်းထွန်းရင်တို့နှင့်အတူ ဗဟိုပါတီကော်မတီဝင်၊ 
ပြည်နယ်ပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင် ပါတီအတွင်းရေးမှူးနှင့် 
ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် 
မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတို့မှ 
ဖူးမြော်ကြည်ညို ကန်တော့ကြပြီး ဆရာတော်သံဃာတော်များမှ 
အနုမောဒနာတရားများဟောကြားပြိးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ 
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး 
ကောင်းမှုကုသိုလ်အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ 
နံနက်(၁၀း၀၀)နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ 
ဗိုလ်ချုပ်ကြေးရုပ်ထုရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော
 အာဇာနည်ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချပြီး 
ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်ခြင်း အခမ်းအနားကို 
ဆောင်ရွက်ခဲ့ပါသည်း။ အဆိုပါ အခမ်းအနားကို ပြည်နယ်ပါတီ ကော်မတဓီဝင်များ၊ 
တောင်ကြီးခရိုင်ပါတီမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ 
တောင်ကြီးမြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ 
ရပ်ကွက်/ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ပါတီဝင်များ 
စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ကြောင်းသိရှိရပါသည်။
(သန်းထူး  တောင်ကြီး မှ သတင်းပေးပို့သည်။)

 


 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။