ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 28 December 2012

ရင်ဘက်နဲ့ကပ် တံဆိပ်ရိုက်ခြင်း

မခွဲတမ်း အရိပ်တကြည့်ကြည့်
ငါ့အနား မင်းရှိနေစေဖို့
အလွမ်း ဒဏ်ရာတွေနဲ့
ငါက အဝေးမှာလေ...
မပျော်နိုင်ခဲ့ နေ့ညတွေက
အဝေးပြေးကား တစ်စီး
ငါ့အရှေ့တည့်တည့် ထွက်ခွာသွားခဲ့ပြီးနောက်ပေါ့...
အစဉ်ခိုင်မြဲဖို့ ဖြူစင်အချစ်တွေနဲ့ငါ
အခုတော့ အဝေးမှာ ကြေကွဲစရာပေါ့
မင်းအတွက် ဖြန့်ခဲ့တဲ့ ငါ့တောင်ပန်တွေ
မင်းကိုယ်တိုင် ရိုက်ချိုးခဲ့တယ်
ညတစ်ညရဲ့ အရိပ်က
ငါ့ဘ၀ကို လောင်ကျွမ်းစေခဲ့
ပွေ့ဖတ်ထားတဲ့ ငါ့လက်တွေက
အဲဒီည မင်းကိုနွေးထွေးစေခဲ့တယ်။
ဒီကဗျာမှာ ငါ့မျက်ရည်တွေပါတယ်
အတိတ်ကို တမ်းတလိုလား
အနာဂတ်တစ်ခု ပျက်စီးသွားလို့လား
တစ်စုံတစ်ခုမှမရှိတော့ဘူး
ပစ္စုပ္ပန်က မင်းကြောင့် မျက်ရည်တွေနဲ့...
ငါက ဒီကဗျာကို ရင်နဲ့ကပ်
တံဆိပ်ရိုက်လိုက်တာ မင်းသိမှာပါ ချစ်သူ
ခပ်မှေးမှေးလေး မင်းနှလုံးသားအနီးလေးမှာ
ငါ့ကို ထာဝရငေးမောခွင့်လေးပေးပါ ချစ်သူ ...
 ခက်ပျက်ပျက် အဆုံးသက်က
အကြောင်းမဲ့ အတိတ်ကိုမေ့တယ်
ရှေ့ဆက်ဖို့လည်း မရှိတော့တဲ့နောက်
မင်းနှလုံးသားကို ဘယ်သူခိုင်းစေလိုက်တာလည်း ချစ်သူ...

1 comment:

  1. ခပ်မှေးမှေးလေး မင်းနှလုံးသားအနီးလေးမှာ
    ငါ့ကို ထာဝရငေးမောခွင့်လေးပေးပါ ချစ်သူ ...
    ခက်ပျက်ပျက် အဆုံးသက်က
    အကြောင်းမဲ့ အတိတ်ကိုမေ့တယ်
    ရှေ့ဆက်ဖို့လည်း မရှိတော့တဲ့နောက်
    မင်းနှလုံးသားကို ဘယ်သူခိုင်းစေလိုက်တာလည်း ချစ်သူ...

    ReplyDelete

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။