ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 16 December 2012

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက်

 ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရှမ်းပြည်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသ အတွင်းရှိ ရရလဖ ဗဟိုဌာန ချုပ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည်။ နံနက် ၉း၀၀ နာရီခန့်တွင်တက်ရောက်လာသောအရပ်ဖက်လူ့အဖွဲ့အစည်းများ၊ကျောင်းသားသမဂ္ဂများ၊ငြိမ်းချမ်းရေးအဖွဲ့အ
စည်းများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအထက်မြန်မာပြည်တို့က ရရလဖ၏ အာဇာနည် ကျောက်တိုင်အားအလေးပြုပြီး ၊လွမ်းသူပန်းခွေ ချကာ ၊နံနက် ၉း၃၀ တွင် လူထု အစည်းအဝေး စတင်သည်။ ယင်းလူထုအစည်းအဝေးတွင် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ၊ ရွှေဝါရောင် အရေးခင်း ဆရာတော် တစ်ပါး၊ ၁၉၇၄၊၇၅၊၇၆ အရေးခင်းဖြတ်သန်းလာသူ ဦးမောင်မောင်အေး ၊မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ မှ ကျော်ကိုကို ၊နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် ၊ အလုပ်သမားအခွင့်ရေး လုပ်ရှားသူများ မှ ကိုယ်စား လှယ်တစ်ဦး၊ တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တကသ)၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ၊မန္တလေး ရေတော်တိုက် ဆရာတော် ဦးဝိသုတ ၊နိုင်ကျဉ်းကွန်ရက် အထက်မြန်မာပြည် ဦးရွှေထူး၊ လက်ပံတောင်းကယ်တင်ရေး ကော်မတီအတွင်းရေးမှုး  ဦးအောင်မြင့်ဦး ၊ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ၊၈၈ ဗကသ ဥက္ကဌေ ဟာင်း ကိုသန့်ဇင် ၊ မိထ္ထိလာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေး ၊သာစည် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်နွဲ့နွဲ့ယဉ် နှင့် မိုးထိမိုးမိ ရွှေလုပ်သား ကိုနေမင်း အစရှိသည်တို့က ယင်းတို့၏ လုပ်ဆောင်နေကြသည့် နိုင်ငံရေးလုပ်ရှားမှု ၊တိုင်းရင်းသားအရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု အရေး၊ လက်ပံတောင်း တောင်အရေး တို့ကိုဆွေးနွေးတိုင်ပင် ခဲ့ကြသည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား အစိုးရနှင့်ငြိမ်းချမ်းရေး သဘောတူညီမှုရရှိထားသည့် RCSS/SSA ၊ KNU/KNLAဆက်ဆံရေးရုံးတာဝန်ခံ၊ ကယန်းပြည်သစ်ပါတီ ၊ အစရှိသည့် အဖွဲ့အစည်းများပါတက်ရောက်ခဲ့သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) သည်
၁၉၂၉/၁၉၄၆ ခုနှစ်ကတည်းက မြစ်ဖျားခံ ခဲ့သော ရှမ်းပြည် လဲချားစော်ဘွား နယ်တွင် ဦးကျောင်းတိယုံက ခေါင်းဆောင်ခဲ့ပြီး၊  ၁၉၈၈ ၊၁၉၈၃ တွင် တပြည်လုံး လက္ခာဆောင်သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ၀င်ဖြစ်ခဲ့ပြီး ဘုံရန်သူကို ဆန်ကျင်ခဲ့သည်။ ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေးအဖွဲ့အဖြစ် အစိုးရနှင့် လက်တွဲပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံဖြိုးရေး လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရအမျိုးသားညီလာခံအတွင်း တိုင်းရင်းသားများ၊ပါတီများ နှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုအရေးရပ်တည်သော သဘောထားမျးတင်ပြခဲ့ကြောင်း ၊၂၀၀၇ တွင် ဗိုလ်သူရိန် အဖွဲ့မှ လက်နက်ကိုင်ြ်တော်လှန်ခဲ့ကြောင်း၊ ဦးခွန်ချစ်မောင် အစိုးရထံ တရားဝင် လက်နက်ချခဲ့ကြောင်း၊ အခြေခံဖွဲ့စည်းပုံ ဥပဒေကို
ငြင်းဆန်ပြီး လက်နက်ကိုက်တပ်များ လက်နက်မအပ်နှင်းသဖြင့် ပြသနာများ ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၀၈မှ ၂၀၁၂ကာလတွင် ဦးခွန်စိန်ရွှေ အဖွဲ့ လက်နက်ကိုင်တပ်များ အဖျက် သိမ်းခံခဲ့ရကြောင်း၊ ရလလဖ အဖွဲ့အစည်းသည် မှတ်ပုံတင်ခြင်း မရှိပဲ အချိန်ကာလတစ်ခု ထိမြေအောက်အဖွဲ့အစည်းတခုအဖြစ်ရပ်တည်ခဲ့ကြောင်း ၊၂၀၁၁ခုနှစ် အကုန်လောက်တွင်မှ နိုင်ငံတော် အစိုးရသစ်က တရားဝင်ပြန်လည် ဆက်ဆံလာသောကြောင့် ယခု တရားဝင်တည်ရှိ လှုပ်ရှားနေကြောင်း ရရလဖ အဖွဲ့၏ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးဘုန်းနိုင် ကပြောသည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ (၆၃) နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ပွဲတော်အား ရန်ကုနမန္တလေ်းအခြေစိုက် ပုံနှိပ် မီဒီယာသမားများ၊ DVB ၊RFA အစရှိသည့် ရုပ်သံမီဒီယာများ နှင့်ပြနကြားရေး ဌာန မိဒီယာ သမားများပါ လာရောက်သတင်းရယူသည်ကို တွေ့ရသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။