ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 10 December 2012

တောင်ကြီးမြို့ မွေ့ယာဆိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

 ဒီဇင်ဘာ ၁၀၇က်နေ့ တောင်ကြီးမြို့ ၊မိန်းလမ်းအောက်ဘက်၊ကန်အောက်ရပ်၊ပင်လုံလမ်း။နယ်မြေ (၇) ၊အိမ်အမှတ် (၄၆) ရှိ ဦးသိန်းအောင်+ဒေါ်နန်းခမ်းလှပိုင် ရွှေမြို့စံ မွေ့ယာဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည် ဖြစ်ပွားပုံပါ တိုက်နံရံ နှင့်ကပ်လျက် ဘုရားကျောင်းဆောင်ပေါ်တွင်
ဖယောင်းတိုင်မီး များဖြင့် ဘုရားမီးပူဇော်ထွန်းညှိရာ မှတဆင့် နံနက် ၉း၀၀နာရီတွင် ဘုရားစင်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့က အရံမီးတပ်ကားနှင့်အချိန်မီ ငြိမ်းသတ်နိုင် သဖြင့် နံနက် ၉း၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်ပတ်သတ်ပြီး ဘုရားကျောင်းဆောင်၊ဆက်တီခုံ ၊တိုက်မှန် နံရံများ၊ပျက်စီးဆုံးရှုံးခဲ့ကြောင်း အခြားဘာမှ မလောင်ကျွမ်းကြောင်း အိမ်ရှင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။ ပင်လုံလမ်းရပ်ကွက် နေသူ တစ်ဦးကပြောကြားရာတွင် ယခုကဲ့သို့ ပွင့်လင်းရာသီတွင် မီးလောင်မှုများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ၊ယခင် ၂၀၀၃ခုနှစ်ကလည်း ပင်လုံလမ်းရှိ မွေ့ယာအရောင်းဆိုင်မှ တဆင့် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ဖူးကြောင်း သိန်းထောင်ကျော် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ဖူးကြောင်း ၊ယခုလည်းအချိန်မီသာ မသိရှိလျင် ယခင်၂၀၀၃ ခုနှစ်က ကဲ့သို့ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်အား လာရောက်စုံစမ်းစစ်ဆေးနေသည့် တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့က တာန်ရှိသူတစ်ဦးအား ယခုမီးလောင်ကျွမ်းမှုဖြစ်စဉ်အား မည်သည့်ပုဒ်မှဖြင့် အမှုဖွင့်အရေးယူမည်နည်းဟုမေးမြန်းရာ မိမိသည် ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ပြည်သူတွေ ဘ၀ကိုစာနာနားလည်ကြောင်း မည်သူကမှ မိမိအိမ် မီးလောင်စေရန် မီးရှို့လိမ့်မည်မဟုတ်ကြောင်း၊ သည့်အတွက် ကြီးသည့်အမှုငယ်အောင်၊ငယ်သည့်အမှုပပျောက်အောင်သာဆောင်ရွက်ပေးဖို့ရည်ရွယ်ထားကြောင်းယခု
မီးလောင်မှုဖြစ်စဉ်အားလည်း ဖြစ်နိုင်ရင် မီဒီယာတွေမှာ မဖော်ပြဖို့မေတ္တာရပ်ခံပါကြောင်း ယင်းကပြောကြားခဲ့သည်။ ကျွန်တော်က မီဒီယာသမားမှမဟုတ်တာ Blogger သမားလေ... :D

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။