ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 16 December 2012

ဇန်န၀ါရီလ ၁ ရက်နေ့ မှစပြီးယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်


ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်း ဖုန်းဖြင့် အင်တာနက် အသုံးပြုခများ
ကို Data စနစ်ဖြင့် ပြောင်းလဲကောက် ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း
မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုနောက်ဆုံးထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့်စနစ်ဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက် နေ့မှာလည်း အရင်အတိုင်းမိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းကဆိုသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါကEDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။

1 comment:

  1. တော်တော်ကောင်းပါတယ် ဒါပေမဲ့လိုနေသေးတယ်လိုင်းကဒ်ကို သူများနိုင်ငံမှာဆို 1dolour ပတ်ဝန်းကျင်ပဲပေးရတာအခုကတစ်သိန်းနှစ်သောင်းဆိုရင်တောင်တော်တော်များနေသေးတယ်ပြီတော့ အင်တာနက်ကိုလည်းလိုင်းမြှင့်ပေးဖို့လို့သေးတယ်လေဗျာ အခုဟာကအင်တာနက်တော့ဖွင့်ထားပေးပါတယ်လိုင်းကတော်တော်လေးကိုနှေးနေသေးတယ် မြန်နှုံးမြှင့်ဖို့လိုနေပါသေးတယ်

    ReplyDelete

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။