ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 26 December 2012

Air Bagan လေယာဉ် ဟဲဟိုးမှာ အရေးပေါ်ဆင်းပြီး မီးလောင်


Air Bagan လေးကြောင်းရဲ့ ထုတ်ပြန်ချက်အရ သေဆုံးခဲ့သူတစ်ဦးက လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ဧည့်လမ်းညွှန် တစ်ဦးနှင့် လေယာဉ်ဆင်းလာစဉ် တိုက်မိသွားခဲ့တဲ့ ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ လေယာဉ်မှုးနှင့် အကူလေယာဉ်မှုးအပါအ၀င် ခရီးသည် (၉)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲဒီခရီးသည်တွေထဲမှာ အမေရိကန် (၂)ယောက် ၊ပြင်သစ်(၂)နှစ်ယောက်၊ဗြိတိသျှ တစ်ဦးနှင့် ကိုရီးယားလူမျိုး တစ်ဦးပါဝင်ပါတယ်။လေယာဉ်ပေါ်မှာ ကမ္ဘာလှည့် ခရီးသွားအများစုပါဝင်တဲ့ ခရီးသည် (၆၅)ဦးနှင့် လေယာဉ်အမှုထမ်း (၆)ယောက် လိုက်ပါလာခဲ့ကြတယ်လို့ Air Bagan ကတာဝန်ရှိသူကပြောပါတယ်။ အဲဒီခရီးသည်တွေထဲ့က ထိခိုက်ဒဏ်ရာမရရှိခဲ့သူတွေကိုတော့ ရန်ကုန်မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အခုပျက်ကျတဲ့ လေယာဉ်အမျိုးအစားဟာ Fokker 100 jet ဖြစ်ပြီး Air Bagan မှ ဒီလိုအမျိုးအစား ၂စီးဖြင့် ပြေးဆွဲနေတာဖြစ်ပါတယ်။အခုအခါ လေယာဉ် ကုမ္ပဏီကလည်း ဒီလိုအမျိုးအစားလေယာဉ်တွေကို ဆက်ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။
ယခုလို ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကို အများအပြားလာလည်ချိန်မျိုးမှာ လေယာဉ် မတော်တဆ ဖြစ်တဲ့အတွက် ပြည်ပခရီးသွား လုပ်ငန်းကိုထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လျှက်ရှိပါတယ်။သေဆုံးသူဦးရေ သတင်းမှာ တိကျမှုမရှိသေးပါကြောင်း သိရပါတယ်။
Air Bagan လေယာဉ်ပျက်စီးမှုဓါတ်ပုံ(၁)
ပျက်စီးဓါတ်ပုံ(၂)
ပျက်စီးဓါတ်ပုံ(၃)






ၹၹၹၹ


No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။